ထားဝယ်ဒေသတွင် ဒန့်ဒလွန်ပင်သည် အလေ့ကျပေါက်သောအပင်ဖြစ်သည်။ အချို့မှာအ ကိုင်းအခက်များချိုးပြီး စိုက်ပျိုးကြသည်။ ဒန့်ဒလွန်သီးအနုများကို ဟင်းချက်စားကြပြီး ရင့်သောအသီးမှအစေ့များကို မြေပဲကဲ့သို့စားကြပါသည်။ အပင်သည် အမြင့်ပေ ၂၅ပေအထိမြင့်ပြီး အခါက်ထူ၍ချောကာ အဖြူအစက်များရှိသည်။ အရွက်သည် သေးငယ်ပြီး ဘဲဥပုံရှိသည်။ အပွင့်မှာ အဖြူရောင်ရှိပြီး အနံ့ရှိသည်။ အသီးသည် ရှည်လျား၍အစိမ်းရင့်ရောင်ရှိပြီး အက်ကွဲကာအမြောင်းရှိသည်။ အသီးအတွင်းတွင် အစေ့များတန်းစီလျက် ၅-၇စေ့ခန့်ပါဝင်သည်။ ထားဝယ်ဒေသစျေးကွက်၌ ဒန့်ဒလွန်သီး(၁၀)လုံး တစ်စီးလျှင်(၂၀၀၀)ကျပ်ရှိပြီး ယခင်လထက်စျေးနှုန်းအနည်းငယ် ကျဆင်းသွားကြောင်းသိရှိရပါသည်။
DOCA(တနင်္သာရီ)