ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အောင်ပန်းမြို့နယ်အတွင်းရှိ အောင်ပန်းကုန်ဈေးပွဲရုံများမှ ဇန်နဝါရီလ (8) ရက်နေ့တွင် ဖြစ်ပေါ်နေသော လက်ကားကုန်ဈေးနှုန်းများမှာ ကြက်သွန်နီ အမျိုးအစား၊ အကြီး/ အသေးပေါ်မူတည်၍ တစ်ပိဿာလျှင် (၃၀0၀) ကျပ်မှ (၄၅၀၀) ကျပ်အထိ၊ ကြက်သွန်ဖြူ(ထူး) အမျိုးအစား၊ အကြီး/ အသေးပေါ်မူတည်၍ တစ်ပိဿာလျှင် (၁၁၅၀၀) ကျပ်မှ (၁၄၅၀၀) ကျပ်၊ ဥတစ်လုံးကြက်သွန်ဖြူ အမျိုးအစား၊ အကြီး/ အသေးပေါ်မူတည်၍ တစ်ပိဿာ (၂၀၀၀၀ - ၂၅၀၀၀) ကျပ် အထိရှိကြောင်းသိရှိရသည်။ ကုန်စိမ်းလက်ကားဈေးနှုန်းမှာ အာလူး တစ်ပိဿာလျှင် (၂၅၀၀-၃၀၀၀) ကျပ်မှ (၇၅၀၀) ကျပ်အထိရှိပြီး အလုံးလှရင်လှသလို၊ အနာပါရင်ပါသလို အကြီးအသေးပေါ်မူတည်၍ ဈေးနှုန်းကွာပြီး ယခုအပတ်တွင် ဈေးအနည်းငယ် ကျကြောင်း သိရသည်၊၊ ကျောက်ဖရုံသီးတစ်ပိဿာလျှင် (၁၈၀၀) ကျပ်၊ ရွှေဖရုံသီး တစ်ပိဿာလျှင် (၁၈၀၀) ကျပ်၊ ပဲလိပ်ပြာအခွံနှင့် တစ်ပိဿာ (၃၅၀၀) ကျပ် ၊ ခရမ်းသီးအကြီး တစ်ပိဿာလျှင် (၃၀၀၀- ၃၅၀၀၀) ကျပ်၊ ဂေါ်ရခါးသီးတစ်လုံးလျှင် (၂၀၀ - ၂၅၀) ကျပ်၊ ကိုက်လံ အစီးငါးဆယ်ပါ တစ်ထုံးလျှင် (၄၅၀၀၀) ကျပ်၊ ဂေါ်ရခါးညွှန့်အစီးငါးဆယ်ပါတစ်ထုံးလျှင် (၄၀၀၀၀) ကျပ်၊ မုံညှင်းဖြူ တစ်ပိဿာလျှင် (၁၂၀၀) ကျပ်၊ ဘိုစားပဲ ရှယ် တစ်ပိဿာလျှင် (၄၀၀၀) ကျပ်၊ ဘိုစားပဲ အလတ်စ တစ်ပိဿာလျှင် (၃၅၀၀) ကျပ် အသီးသီးရှိကြောင်းသိရသည်။
ခရမ်းချဉ်သီး (ရှယ်သီး) တစ်ပိဿာလျှင် (၂၅၀၀ - ၃၀၀၀) ကျပ်၊ ခရမ်းချဉ်သီး (ရိုးရိုး) တစ်ပိဿာလျှင် (၁၅၀၀ - ၂၀၀၀) ကျပ် အသီးသီးရှိပြီး ခရမ်းချဉ်သီးမှာ ယခုအပတ်တွင် ဈေးအနည်းနည်း ကျကြောင်းသိရှိရသည်။ ငရုတ်ပွ ရှယ် အခွံထူကြီး တစ်ပိဿာလျှင်(၄၅၀၀) ကျပ်၊ ငရုတ်ပွ အလတ်စ တစ်ပိဿာလျှင် (၄၀၀၀) ကျပ်၊ သံပုရာသီး (ရွာငံ) တစ်ပိဿာလျှင် (၁၀၀၀၀) ကျပ်၊ ဂျင်းအခက်ကြီး တစ်ပိဿာလျှင် (၃၀၀၀) ကျပ်၊ ဂျင်း(အကြီးအသေးအရော) (၂၀၀၀ - ၂၅၀၀) ကျပ် ရှိပြီး လှရင်လှသလို ပွဲစားဈေးဖြတ်သည့်အပေါ်မူတည်၍ ဈေးအနည်းငယ်ကွာကြောင်း သိရှိရသည်။
ရာသီပေါ်သီးနှံများဖြစ်သော လိမ္မော်သီး တစ်ပိဿာလျှင် (၆၀၀၀) ကျပ်မှ (၁၀၀၀၀) ကျပ်၊ ထောပတ်သီး တစ်အိတ်လျှင် (၃၅၀၀၀) ကျပ်မှ (၅၀၀၀၀) ကျပ်အထိရှိပြီး အလုံးလှရင်လှသလို၊ အနာပါရင်ပါသလို အကြီးအသေးပေါ်မူတည်၍ ဈေးနှုန်းကွာကြောင်း အောင်ပန်းမြို့ ကုန်စိမ်းပွဲရုံများ မှတစ်ဆင့် သိရှိရပါသည်။
DOCA(ရှမ်း)