တောင်ငူခရိုင် ဖြူးမြို့တွင် တပိုင်တနိုင်ငွေနှင်းမှို စိုက်ပျိုးရေးမှ မိသားစုအပိုဝင်ငွေရရှိ လျက်ရှိပါသည်။ တောင်ငူမြို့မှ မှိုပျိုးထုပ်များမှာယူပြီး အလျား ၁၀ ပေ၊ အမြင့် (၂)ပေခန့်ရှိသည့် စင်ထိုး၍ စိုက်ပျိုးရပါသည်။ အမိုး၊ အကာလုံခြုံအောင်ပြုလုပ်ပေးရပြီး လေဝင်လေထွက် သင့်တင့်အောင် ပြုလုပ်ထားရပါသည်။
မှိုပျိုးထုပ် စတင်ရောက်ရှိပြီးချိန်မှစ၍ စင်ပေါ်တွင် စနစ်တကျစီထားပြီး တစ်နေ့(၃)ကြိမ် ရေလောင်းပေးရပါသည်။ လေးငါးရက်ခန့်အကြာတွင် မှိုအိတ်များမှ အဖြူရောင်မှိုပွင့်ကလေးများ တစ်အိတ်လုံးနီးပါး ပွင့်လာသည့်အခါတွင် အိတ်အဝကို ဖွင့်ပေးရပါသည်။ အိတ်ဝဖွင့်ပြီး တစ်ပတ်၊ ၁၀ ရက်ကြာလျှင် မှိုပွင့်များ ခူးဆွတ်နိုင်ပြီဖြစ်ပါသည်။
မှို တစ်ကြိမ်စိုက်ပျိုးလျင် လေးငါးကြိမ်အထိ ခူးဆွတ်နိုင်ပါသည်။ မှိုပျိုးထုပ် ၇၅ ထုပ် စတင်စိုက်ပျိုးရာ မှို ၆ ပိဿာ ၇၅ ကျပ်သားခန့်ထွက်ရှိပါသည်။ မှို ပျိုးထုပ်တစ်ထုပ်လျှင် ၁၂၀၀ ကျပ်ဖြင့်ဝယ်ယူပြီး ထွက်ရှိလာသောမှိုများကို တစ်ဆယ်ကျပ်သားလျှင် ၁၂၀၀ ကျပ်ဖြင့် ပြန်လည်ရောင်းချပါသည်။ ငွေနှင်းမှိုစိုက်ပျိုးခြင်းလုပ်ငန်းသည် မီးဖိုချောင်စရိတ် တွက်ချေကိုက်သောလုပ်ငန်းဖြစ်သောကြောင့် ရေရှည်စိုက်ပျိုးသင့်သည့် လုပ်ငန်းဖြစ်ကြောင်း တပိုင်တနိုင်စိုက်ပျိုးသူ ဒေါ်သန်းသန်းအေး၏ ပြောပြချက်အရ သိရှိရပါသည်။
DOCA(ပဲခူး)