Main menu

သထုံမြို့နယ်အတွင်းရှိ ဘိလပ်မြေအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေး

Powered by Drupal

၈.၁.၂၀၂၅ ရက်နေ့ နံနက် (၁၀:၃၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာ ဦးစီးဌာန၊ သထုံခရိုင်၊ သထုံမြို့နယ်တာဝန်ခံ ဒု-ဦးစီးမှူး ဦးထိန်လင်းထွန်းနှင့် ဝန်ထမ်းများသည် ဘိလပ်မြေလက်လီ၊ လက်ကား ရောင်းချသည့်ဆိုင်များသို့ သွားရောက်၍ ဘိလပ်မြေပြတ်လပ်မှု ရှိ/မရှိနှင့် မြေပြင် လက်ကျန်အခြေအနေများ၊ ဈေးနှုန်းဈေးကွက် အခြေအနေများအား သိရှိနိုင်ရန် ဈေးကွက် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

သထုံမြို့နယ်အနေဖြင့် ချိတ်ဆက်ရောင်းဝယ်ဖောက်ကားနေသည့် ကြံ့တစ်ကောင် ဘိလပ်မြေစက်ရုံသည် ကရင်ပြည်နယ်၊ မြိုင်ကလေးမြို့တွင် တည်ရှိပြီး ကြံ့တစ်ကောင် ဘိလပ်မြေ (၁) အိတ်ဈေးနှုန်းမှာ ယခင်လက (၁၅၅၀၀) ကျပ်မှ ယခုလတွင် (၁၆၀၀၀) ကျပ် ဖြစ်ပြီး အနည်းငယ်ဈေးတက်ခဲ့သည်။ ဈေးကွက်အတွင်းပစ္စည်းများမှာ ပြတ်လပ်မှုမရှိဘဲ လက်ကျန်ပစ္စည်းများ ကျန်ရှိနေကြောင်း စစ်ဆေးတွေ့ရှိရပြီး ယခုလတွင် သယ်ယူစရိတ်နှင့် လုပ်သားစရိတ်အနည်းငယ်မြင့်တက်သဖြင့် ဘိလပ်မြေတစ်အိတ်လျှင် (၅၀၀) ကျပ်ဝန်းကျင် ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်း စစ်ဆေးတွေ့ရှိရသည်။

DOCA(မွန်)