![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/11_43.jpg?itok=LJDLpD2t)
၈.၁.၂၀၂၅ ရက်နေ့ နံနက် (၁၀:၃၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ သထုံခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးစီးအရာရှိ ဦးထွန်းအောင်ဖြူနှင့် ဦးစီးအရာရှိ ဦးအောင်ကျော်မင်းတို့သည် သထုံမြို့နယ်အတွင်း ဖြန့်ဖြူးရောင်းချလျှက်ရှိသော ဆန်ဆိုင် များ၊ ဆန်သိုလှောင်ရုံများ၌ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိနှင့် ဈေးနှုန်းမြှင့်တင် ရောင်းချရန်အလို့ငှာ သိုလှောင်ထားခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာ ကျားပျံ (၁၀၈) ပေါင်ပါ တစ်အိတ်လျှင် ကျပ်(၁၃၂၀၀၀)၊ ပေါ်ဆန်းဝါ (၁၀၈) ပေါင်ပါ တစ်အိတ်လျှင် ကျပ် (၁၁၅၀၀၀)၊ ဧည့်မထ (၁၀၈) ပေါင်ပါ တစ်အိတ်လျှင် ကျပ် (၇၂၀၀၀)၊ ကမာကြည် (၁၀၈) ပေါင်ပါ တစ်အိတ်လျှင် ကျပ် (၈၇၀၀၀) ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း စစ်ဆေးတွေ့ရှိရပြီး ဈေးနှုန်းမြှင့်တင်ရောင်းချရန် အလို့ငှာ သိုလှောင်ထားခြင်းမရှိသည်ကို စစ်ဆေးတွေ့ရှိရကြောင်း သိရှိရပါသည်။
DOCA(မွန်)