
၂၀၂၄ ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင် ၊ ကန့်ဘလူမြို့ မြို့မစည်ပင်သာယာဈေး ကွက်အတွင်းသို့ ဒေသထွက်ခရမ်းချဉ်သီးများနှင့်ရှမ်းပြည်နယ် အောင်ပန်းတို့မှထွက်ရှိသော ခရမ်းချဉ်သီး များကို မန္တလေးတိုင်းဒေသကြီး မှ မှာယူရောင်းချပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါ သည်။
ခရမ်းချဉ်သီးများသည် ယခုအချိန်အခါကာလ ဆောင်းရာသီတွင် မိမိတို့ဒေသထွက် ခရမ်းချဉ်သီးများ လှိုင်လှိုင်ထွက်ရှိသည့်အချိန်ဖြစ်၍ ဈေးကွက်အတွင်းသို့ ဒေသတွင်း ခရမ်းချဉ် သီးများကိုသာ မှာယူရောင်းချရပါသည်။
ယခင် ဒီဇင်ဘာလ နောက်ဆုံးအပတ်တွင် ဒေသထွက်ခရမ်းချဉ်သီး ဈေးနှုန်းအနေဖြင့် ထိုင်ဝမ် အမျိုးအစား ခရမ်းချဉ်သီးနှင့် ရိုးရိုးဗမာ အမျိုးအစား ခရမ်းချဉ်သီးဟူ၍ နှစ်မျိုးပေါ်လာပြီး ရိုးရိုး ဗမာခရမ်းချဉ်သီး တစ်ပိဿာလျှင်(၈၀၀၀)ကျပ်၊ ၂၅ကျပ်သားလျှင်(၂၀၀၀)ကျပ်နှင့် ထိုင်ဝမ်ခရမ်းချဉ်သီး အလုံး အကြီး/ အသေး ပေါ်မူတည်၍တစ်ပိဿာလျှင်(၅၀၀၀/၆၀၀၀)ကျပ် ဖြစ်ပြီး (၂၅)ကျပ်သားလျှင် (၁၅၀၀)ကျပ် ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခု ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ပထမပတ်နှင့် ဒုတိယပတ်တွင် ဒေသထွက်ခရမ်းချဉ်သီး ဈေးနှုန်းအနေဖြင့် ရိုးရိုး ဗမာခရမ်းချဉ်သီး တစ်ပိဿာ လျှင်(၆၀၀၀)ကျပ်၊ ၂၅ကျပ်သားလျှင်(၁၅၀၀)ကျပ်နှင့် ထိုင်ဝမ်ခရမ်းချဉ်သီး အလုံး အကြီး/ အသေး ပေါ်မူတည်၍ တစ်ပိဿာ လျှင်(၃၀၀၀/၃၅၀၀)ကျပ်ဖြစ်ပြီး (၂၅)ကျပ်သားလျှင်(၁၀၀၀)ကျပ် ဈေးနှုန်းဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပြီး ယခင် ဒီဇင်ဘာလ နောက်ဆုံးပတ်နှင့် နှိုင်းယှဉ်ကြည့်မည့်ဆိုပါက ခရမ်းချဉ်သီး ဈေးနှုန်း ထက်ဝက်ကျဆင်းလျက်ရှိကြောင်း ကန့်ဘလူမြို့ ကုန်စိမ်းသီးနှံ အရောင်းအဝယ် လုပ်နေသူများထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)