၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ တတိယပတ်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့ပေါ်ရှိဈေးကွက်အတွင်း ဒေသထွက် ကုန်စိမ်းသီးနှံဟင်းသီးဟင်းရွက်များ လှိုင်လှိုင်ပေါပြီး ဈေးကောင်းရလျက်ရှိ ကြောင်းသိရသည်။ ဆောင်းကာလ ကုန်စိမ်းသီးနှံဟင်းသီးဟင်းရွက်များကို ဘားအံမြို့ အနီးတဝိုက်ကျေးရွာများတွင် တနိုင်တပိုက် စိုက်ပျိုးကြသည့်အပြင် စီးပွားဖြစ်လည်းစိုက်ပျိုးကြသည်။ ဒေသထွက် ကုန်စိမ်းသီးနှံ ဟင်းသီးဟင်းရွက်များကို ဘားအံမြို့ရေပေါ်ဈေးသို့အခြေခံ၍ လက်လီ/ လက်ကားဖြန့်ဖြူးလျက်ရှိကြောင်း သိရသည်။ ကုန်စိမ်းသီးနှံဟင်းသီးဟင်းရွက်ဈေးနှုန်းများမှာ ခရမ်းချဉ်သီး တစ်ပိဿာလျှင် (၄၀၀၀)ကျပ်၊ ခရမ်းသီး တစ်ပိဿာလျှင် (၄၅၀၀) ကျပ်၊ ကြက်ဟင်းခါးသီး တစ်ပိဿာလျှင်(၄၀၀၀) ကျပ်၊ ရုံးပတီးသီး တစ်ပိဿာလျှင်(၃၀၀၀)ကျပ်၊ပဲသီးထောက်ရှည် အစည်းကြီးတစ်စည်းလျှင် (၃၀၀၀) ကျပ်၊ ကင်းပွန်ချဉ်ရွက်အစည်းသေး တစ်စည်းလျှင်(၁၀၀၀)ကျပ်၊ကန်စွန်းရွက် တစ်စည်းလျှင် (၂၅၀) ကျပ်၊ ချဉ်ပေါင်ရွက်တစ်စည်းလျှင်(၂၀၀)ကျပ်၊ ဆက်လပ်ရွက်တစ်စည်းလျှင်(၈၀၀)ကျပ်၊ ငရုတ်သီးစိမ်း တစ်ဆယ်သားလျှင်(၅၀၀)ကျပ် တို့ဖြင့်အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(ကရင်)