Main menu

ကရင်ပြည်နယ်ဒေသထွက်သခွားသီးဈေးနှုန်းအခြေအနေ

Powered by Drupal

           ၂၀၂၅ ခုနှစ်၊ ဆောင်းကာလ ကရင်ပြည်နယ်၊ဘားအံမြို့ပေါ်ဈေးများတွင် ဒေသထွက်ဆောင်းသခွားသီးများ ဈေးကောင်းရလျက်ရှိကြောင်း သိရသည်။ ဆောင်းသခွားသီးကို ဘားအံမြို့အနီး တဝိုက်ကျေးရွာများတွင် တနိုင်တပိုင်စိုက်ပျိုးကြသည့်အပြင် စီးပွားဖြစ်လည်း စိုက်ပျိုးကြသည်။ ဒေသထွက် ဆောင်းသခွားသီးများကို ဘားအံမြို့ရှိရေပေါ်ဈေးသို့အခြေခံ၍ လက်လီ/ လက်ကားဖြန့်ဖြူးလျက်ရှိကြောင်းနှင့် ဆောင်းသခွားသီးဈေးနှုန်းများမှာလက်ကားဈေး တစ်ပိဿာလျှင်(၃၀၀၀)ကျပ်နှုန်းနှင့် လက်လီဈေးတစ်ပိဿာလျှင်(၄၀၀၀)ကျပ်နှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ကရင်)