Main menu

အထက်မင်းလှမြို့၊ ဇေယျာသီရိဈေး၌ ခရမ်းချဉ်သီးဈေးနှုန်းများကျဆင်းလျက်ရှိ

Powered by Drupal

          မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့၊ ဇေယျာသီရိဈေး၌ ခရမ်းချဉ်သီးကို မြို့နယ် အတွင်းရှိကျေးရွာများအပြင် မကွေးမြို့၊ မင်းဘူးမြို့၊ တောင်တွင်းကြီးမြို့နှင့် သရက်မြို့တို့မှလည်း မှာယူရောင်းချလျက်ရှိကြောင်း သိရသည်။

          ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ(ပထမပတ်)တွင် ထိုင်ဝမ်ခရမ်းချဉ်သီး (၁)ပိဿာလျှင် အလုံး၊ အကြီးအသေးအလိုက် ကျပ်(၃၅၀၀-၄၀၀၀)၊ ကိုင်းခရမ်းချဉ်သီး(ဗမာ)(၁)ပိဿာလျှင် ကျပ်(၃၀၀၀ - ၄၀၀၀)ဖြင့် ရောင်းချလျက်ရှိပြီး ယခင်၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ(စတုတ္ထပတ်)နှင့်နှိုင်းယှဉ်ပါက ထိုင်ဝမ် ခရမ်းချဉ်သီး ကျပ်(၁၀၀၀-၂၀၀၀)၊ ကိုင်းခရမ်းချဉ်သီး(ဗမာ) ကျပ်(၁၀၀၀)ဈေးနှုန်းကျဆင်း၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခုကာလတွင် ဒေသတွင်း ခရမ်းချဉ်သီးစိုက်ခင်းများ စတင် ထွက်ရှိလာသောကြောင့် ဈေးနှုန်းမှာ ကျဆင်းလာရခြင်းဖြစ်ကြောင်း ဈေးသည်တစ်ဦးထံမှ သိရှိရပါ သည်။

DOCA(မကွေး)