![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/452_3.jpg?itok=sbCI2bfI)
မိတ္ထီလာမြို့ရှိ ဘဲကန်ဈေး(သို့)(၈)နာရီလက်ကား ဟင်းသီးဟင်းရွက်ဈေးသည် မိတ္ထီလာခရိုင် အတွင်းရှိ မြို့နယ်များနှင့် မိတ္ထီလာမြို့ရှိ ကုန်စိမ်းရောင်းချသူများ တဆင့်ပြန်လည်ရောင်းချရန် ဝယ်ယူကြသည့်ဈေးဖြစ်ပါသည်။ ဘဲကန်ဈေး(သို့)(၈)နာရီဈေးတွင် မိတ္ထီလာမြို့နယ်ရှိ ဟင်းသီးဟင်းရွက် စိုက်ပျိုးသော ဆည်ကုန်း၊ ချမ်းသာကြီး၊ ကြက်မောက် ရွာတို့မှ လာရောက်ရောင်းချကြပြီး အခြားဒေသများ ဖြစ်သည့် တပ်ကုန်း၊ အောင်ပန်း၊ ပြင်ဦးလွင်မြို့များမှ ဝင်ရောက်သည့် ဟင်းသီးဟင်းရွက်များကိုလည်း ရောင်းဝယ်ဖောက်ကားကြောင်းသိရသည်။
ယခု ဇန်နဝါရီလ ဒုတိယပတ်တွင် ဘဲကန်ဈေး(သို့)(၈)နာရီဈေးတွင်းရှိ ရောင်းချနေသော ဟင်းသီးဟင်းရွက်ဈေးနှုန်းများမှာ ထောပတ်ပဲ တစ်ပိဿာ (၈၅၀၀) ကျပ်၊ ပဲလိပ်ပြာတစ်ပြည် (၇၀၀၀) ကျပ်၊ ပဲတောင့်ရှည်တစ်ပိဿာ (၂၅၀၀) ကျပ်၊ ခရမ်းချဉ်သီးရှမ်းသီးတစ်ပိဿာ (၂၀၀၀-၃၀၀၀)ကျပ်၊ ကန်စွန်း ရွက်တစ်ပိဿာ(၁၅၀၀) ကျပ်၊ ပြောင်းဖူး(၁၀)ဖူး (၄၀၀၀) ကျပ်၊ မုန့်လာဥ ငါးလုံးပါတစ်တွဲ (၄၀၀) ကျပ်နှင့် ရှမ်းကုန်များဖြစ်သော ခါကြက်ဥတစ်ပိဿာ (၂၅၀၀-၃၀၀၀) ကျပ်၊ဘိုစားပဲသီဂတစ်ပိဿာ (၂၀၀၀-၃၀၀၀) ကျပ်၊ ပန်းဂေါ်ဖီပွင့်တစ်ပွင့် (၁၀၀၀-၁၅၀၀) ကျပ၊ ဂေါ်ဖီထုတ်တစ်ထုပ် (၈၀၀-၁၀၀၀) ကျပ်၊ မုန်ညှင်းဖူး(၁၀)စည်းပါတစ်စည်း (၁၃၀၀) ကျပ်၊ငရုတ်သီးစိမ်းတစ်ပိဿာ (၃၀၀၀)ကျပ်၊ မုန်ညှင်း ထုတ်တစ်ပိဿာ (၁၅၀၀) ကျပ်ဈေးတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)