Main menu

ဘီးလင်းမြို့မှ ဒေသတွင်းစိုက်ဖရဲသီး ခရီးသွားပြည်သူများကြောင့် ဈေးကွက်အတွင်း အရောင်းသွက်

Powered by Drupal

           မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် ဖရဲသီးများ လှိုင်လှိုင်ထွက်ရှိနေကြောင်း သိရှိရသည်။ ဖရဲခင်းများမှာ မော်လမြိုင်-ရန်ကုန်ကားလမ်းဘေးရှိ လယ်ကွင်းများတွင် စိုက်ပျိုးကာ ဖရဲသီးများကိုလည်း မော်လမြိုင်-ရန်ကုန်ကားလမ်းဘေး၌ ဆိုင်ခန်းများဆောက်၍ ရောင်းချကြသည်။

            အဓိကစိုက်ပျိုးသော မျိုးများမှာ ဟီးရားမျိုး (ဒုံးကျည်သီး)ကိုသာ စိုက်ပျိုးကြပြီး ဖရဲသီး စိုက်ခင်းတစ်ဧကလျှင် ဖရဲစေ့ (၄၈၀) စေ့ပါ အထုပ် (၃) ထုပ် စိုက်ပျိုးရကြောင်း၊ ထိုသို့ စိုက်ပျိုးရာတွင် ၈၅% အပင်ပေါက်ကြောင်း၊ အပင်တစ်ပင်လျှင် အသီး (၂) လုံးခန့်သီးကြောင်း၊ တစ်ဧကလျှင် စိုက်ပျိုးကုန်ကျစရိတ်မှာ မြေပြင်ခ၊ လုပ်အားခ၊ သွင်းအားစုစရိတ် (၃၅) သိန်းခန့် ကုန်ကျ၍ ထွက်ရှိသောဖရဲများမှာ ဂရုတစိုက် စိုက်ပျိုးမှုကြောင့် အလေအလွင့်နည်းပါးကြောင်း၊ ယခုရာသီတွင် အဝေးပြေးလမ်းမ၌ ခရီးသွားပြည်သူများ၊ ဘုရားဖူး ခရီးသည်များ အသွားအလာများသဖြင့် ဖရဲသီးအား ဆိုင်တွင်သာ တင်ရောင်းကြောင်း၊ တစ်နေ့လျှင် ဖရဲသီး (၁၀၀) ခန့် ရောင်းရပြီး တစ်လုံးလျှင် ပျမ်းမျှအားဖြင့် (၂၅၀၀) ကျပ်ခန့်ရရှိ၍ အကျိုးအမြတ်ရရှိမှုမှာ တွက်ခြေကိုက်သောပမာဏရရှိကြောင်း သိရှိရပါသည်။

DOCA(မွန်)