
တနင်္သာရီတိုင်းဒေသကြီးသည် ကွမ်းသီးပင်များ၊ ရာဘာပင်များ အများဆုံးစိုက်ပျိုးသော တိုင်းဒေသကြီးဖြစ်ပါသည်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ပထမပတ်အတွင်း ကွမ်းသီးတင်ပို့မှုမှာ ထားဝယ်ခရိုင်မှ (၃၄၈၄၇၀)ပိဿာ တန်အားဖြင့်(၅၆၉.၀၃၃)ရှိပြီး၊ မြိတ်ခရိုင်မှ (၄၉၉၁၀၀) ပိဿာ တန်အားဖြင့်(၈၁၅.၀၀၄)ရှိပြီး၊ ကော့သောင်းခရိုင်မှ(၁၄၉၁၀၀)ပိဿာ တန်အားဖြင့်(၂၄၃.၄၇၂) တင်ပို့ကြောင်း သိရပါသည်။
ယခု တစ်ပတ်အတွင်း ထားဝယ် ခရိုင်တွင် ကွမ်းသီးခွဲခြမ်းဈေးနှုန်းမှာ တစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်ရှိပြီး၊ မြိတ်ခရိုင် တွင် (၈၀၀၀ မှ ၈၅၀၀)ကျပ်ရှိပါသည်။ ကွမ်းအလုံးခြောက် တစ်ပိဿာလျှင်(၁၃၅၀၀) ကျပ်ရှိကြောင်းသိရပါသည်။ ယခုအချိန်သည် ကွမ်းသီးအများဆုံးထွက် ရှိသော အချိန်ဖြစ်သဖြင့် ကွမ်းသီးလုပ်ငန်းများပုံမှန် လုပ်ကိုင်လျက်ရှိသောကြောင့် တောင်သူများ တွက်ချေကိုက်လျက်ရှိကြောင်းသိရှိရပါသည်။
DOCA(တနင်္သာရီ)