![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/သံတောင်.png?itok=C7-F16RK)
တောင်ငူမြို့မှ အရှေ့ဘက် မိုင် ၃၀ ခန့် ဝေးသော ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ် သံတောင်ကြီး၊ လိပ်သို၊ ဘောဂလိ ဒေသများရှိ ကျေးရွာများမှ ဓညင်းသီးများသည် တောင်ငူမြို့ ညောင်ပင်ဈေးရှိ ဓညင်းသီးပွဲရုံများသို့ တစ်ရက်လျှင် ပိဿာချိန် ၃၀၀၀ မှ ၅၀၀၀ ခန့်အထိ ဝင်ရောက် လျှက်ရှိပါသည်။
လက္ကားဈေးအနေဖြင့် သောင်းပြောင်း တစ်ပိဿာလျှင် ၆၀၀၀ ကျပ်မှ ၈၀၀၀ ကျပ်အထိ ဝယ်ယူရပါသည်။ လက်လီအနေဖြင့် ၁၀ လုံးဈေးဖြင့်သာ ရောင်းချပြီး ဓညင်းသီးပေါ်ခါစတွင် အသေး ၁၀ လုံးလျှင် ၁၀၀၀ ကျပ်၊ အလတ် ၁၀ လုံးလျှင် ၁၀၀၀ ကျပ်မှ ၂၀၀၀ ကျပ်အထိ ရောင်းချရပြီး ယခု အချိန်တွင် ဓညင်းသီးခြံများမှ များများစားစား ထွက်ပေါ်လာသည့်အတွက် ဈေးကွက်အတွင်း၌ ယခု အပတ်အတွင်း အသေးနု ၁၀ လုံးလျှင် ၅၀၀ ကျပ်၊ အလတ် ၁၀ လုံးလျှင် ၁၀၀၀ ကျပ်နှင့် အကြီး ၁၀ လုံးလျှင် ၁၀၀၀ ကျပ်မှ ၁၅၀၀ ကျပ်အထိ အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။ ဓညင်းသီးပွဲရုံများမှ ဓညင်းသီးများကို ရန်ကုန်တိုင်းဒေသကြီး၊ သီရိမင်္ဂလာဈေးသို့ တင်ပို့ရောင်းချလျှက်ရှိကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)