Main menu

ဇလွန်မြို့၏ မြနှင်းပုလဲ စိုက်ပျိုး‌ရောင်းဝယ်မှု

Powered by Drupal

ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် မြနှင်းပုလဲပန်းကို ရာသီချိန်ဘုရားပန်းအဖြစ် အရောင်း အဝယ်ဖြစ်လျက်ရှိပါသည်။ စိုက်ပျိုးသူ ဒေါ်ချိုချိုနိုင် နှင့် တွေ့ဆုံမေးမြန်းရာတွင် မြနှင်းပုလဲပန်းကို စိုက်ပျိုးရာတွင် ပန်းမျိုးကို ဒေသတွင်းမှ မျိုးတစ်ပင်လျှင် ၁၅/-ကျပ်ဖြင့် ဝယ်ယူစိုက်ပျိုးကြောင်း သိရှိရပါသည်။ ထိုပန်းစိုက်ပျိုးရာတွင် ပျိုးပင်များကို ၁၅ ရက်ကြာ ပြန်လည် ပြုစုရပြီး၊ အပင်သန် ကြီးထွားမှုပေါ် မူတည်၍ တစ်ပင်နှင့် တစ်ပင်ကြား (၆ လက်မ)ခြားကာ စိုက်ပျိုးကြရပါသည်။ စိုက်ပျိုးပြီး တစ်လခွဲခန့်အကြာတွင် အညွှန့်များဖြတ်ပြီးနောက် မီးအလင်းရောင် (၁)လ ထွန်းကာ ပန်း ပင်များ ကြီးထွားစေရေး၊ အပွင့်လှပရေးနှင့် ပိုးမွှားများ ကျရောက်မှုမရှိစေရေး ပြုစုထိန်းသိမ်း ရပါသည်။  ကုန်ကျစရိတ်အနေဖြင့် ဒဿမ ၂၅ ဧကလျှင် သိန်း ၂၀/- ကျပ် ဝန်းကျင် ကုန်ကျ ကြောင်းသိရှိရပါသည်။ စိုက်ပျိုးပြီး အပင်သက်တမ်း(၄)လအကြာတွင် အပွင့်များပွင့်ကာ  တစ်စီးလျှင် ၁၅၀၀/- ကျပ်ဖြင့် ရောင်းချရပြီး ပထမအကြိမ် ခူးဆွတ်ချိန်၌ပင် ပန်း ၁၀ ခိုင်ပါ အစီးရေ ၂၅၀၀ ထွက်ရှိကြောင်း၊  ဒေသတွင်းနှင့် အခြားမြို့နယ်များမှ ခြံတိုက်ရိုက်လက္ကား ဝယ်ယူ ကြောင်း၊ ယခုအခါ ပန်းအနည်းငယ်ရှားပါးသောကာလဖြစ်သည့်အတွက် ဈေးကွက်ရောင်းချမှု ပိုမိုသွက်လျက်ရှိကြောင်း စိုက်ပျိုးသူထံမှသိရှိရပါသည်။    

DOCA(ဧရာဝတီ)