Main menu

တောင်ငူမြို့ ကွန်ပျူတာတက္ကသိုလ်နှင့် အစိုးရနည်းပညာအထက်တန်းကျောင်းတွင် ဆန် ဆီသားငါးကြက်ဥ ဘဲဥနှင့် ဟင်းသီးဟင်းရွက်များအား သက်သာသောနှုန်းထားဖြင့် ရောင်းချပေး

Powered by Drupal

              ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်ဖြင့် တက္ကသိုလ်၊ ကောလိပ်များရှိ သင်ကြားစီမံဝန်ထမ်းများအား ဆန်၊ ဆီ၊ အသား၊ ငါး၊ ကြက်ဥ၊ ဘဲဥနှင့် ဟင်းသီးဟင်းရွက်များကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်ရန်အတွက် ဇန်နဝါရီလ ၂၀ ရက်နေ့ ညနေပိုင်းတွင် ကွန်ပျူတာ တက္ကသိုလ်(တောင်ငူ)နှင့် အစိုးရနည်းပညာအထက်တန်းကျောင်း(တောင်ငူ) တို့တွင်ရောင်းချပေးခဲ့ကြောင်းသိရသည်။

              တောင်ငူခရိုင် ဆန်ကုန်သည်နှင့် ဆန်စက်လုပ်ငန်းရှင်များအသင်းသည် ဆန်တစ်ပြည် လျှင် ၃၀၀၀ ကျပ်နှုန်းဖြင့် ကွန်ပျူတာတက္ကသိုလ်တွင်  ဆန် ၁၅ အိတ်နှင့် အစိုးရနည်း ပညာအထက်တန်းကျောင်းတွင် ဆန် ၅ အိတ် ကိုလည်းကောင်း၊  ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ စားအုန်းဆီတစ်ပိဿာလျှင် ၈၀၀၀ ကျပ်နှုန်းဖြင့်  ကွန်ပျူတာတက္ကသိုလ်တွင် ၁၅၀ ပိဿာနှင့် နည်းပညာအထက်တန်းကျောင်းတွင် ၅၀ ပိဿာကိုလည်းကောင်း ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

              ထို့အတူ ကိုယ်တိုင်စိုက်ပျိုးမွေးမြူထုတ်လုပ်သူများကလည်း အသား၊ ငါး၊ ကြက်ဥ၊ ဘဲဥ နှင့် ဟင်းသီးဟင်းရွက်များကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးလျှက်ရှိရာ စားသုံးသူရေးရာ ဦးစီးဌာန ခရိုင်ဦးစီးမှူးဦးမျိုးအောင်နှင့် ဝန်ထမ်းများသည် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများနှင့်အတူ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)