
မအူပင်ခရိုင်အတွင်း ပဲမျိုးစုံဈေးကွက်အတွင်း ပြည်တွင်း၊ ပြည်ပ ဝယ်လိုအား ရှိသောကြောင့် ပဲမျိုးစုံ နေ့စဉ် အရောင်းအဝယ် ဖြစ်ထွန်းလျက်ရှိသည်။ ဆောင်းသီးနှံ ပဲစိုက်ပျိုး ထွက်ရှိလာပြီး ပဲသစ် ဈေးနှုန်း ဈေးကွက် အခြေအနေများအား ပဲမျိုးစုံရောင်းဝယ်သူများထံ မေးမြန်းခဲ့သည်။
ပဲမျိုးစုံ ရောင်းဝယ်သူ ဈေးကွက် ဈေးနှုန်း အနေဖြင့် (၁၈.၁.၂၀၂၅)ရက်နေ့ စျေးနှုန်းများမှာ ပဲတီစိမ်း(၂၀) ပိဿာ လျှင် ကျပ်(၁၀၀၀၀၀)၊ မတ်ပဲအသစ် (၂၀)ပိဿာလျှင် ကျပ်(၉၃၀၀၀)၊ ပဲလွန်းဖြူ (၂၀)ပိဿာလျှင် ကျပ် (၇၅၀၀၀)၊ စျေးနှုန်းအသီးသီးရှိကြပါသည်။
မတ်ပဲ အဟောင်းအလုံးသန့် (20 Viss) ဈေးနှုန်းမှာ ငွေကျပ် ၁၀၀၀၀၀၊ ၂၀.၁.၂၀၂၅ ရက်နေ့ မတ်ပဲ အသစ် (၂၀)ပိဿာလျှင် ကျပ်(၉၅၀၀၀)၊ ပဲတီစိမ်း(၂၀) ပိဿာ လျှင် ကျပ်(၁၁၀၀၀၀)၊ ပဲလွန်းဖြူ (၂၀)ပိဿာလျှင် ကျပ် (၇၉၀၀၀)၊ အရောင်းအဝယ်ဖြစ်နေပြီး (၁၈)ရက်နေ့ ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက မတ်ပဲ (၂၀၀၀)၊ ပဲတီစိမ်း (၁၀၀၀၀)၊ ပဲလွန်းဖြူ (၄၀၀၀) ဈေးအနည်းငယ်မြင့်တက်လာကြောင်း သိရသည်။
DOCA (ဧရာဝတီ)