ဟင်းနုနွယ်ပင်သည် နေရာအနှံအပြားတွင် စိုက်ပျိုးလေ့ရှိသော အပင်တစ်မျိုးဖြစ်သည်။ ဟင်းနုနွယ်ပင်သည် စိုက်ပျိုးရလွယ်ကူပြီး အကြမ်းခံသော ဟင်းရွက်ပင်ဖြစ်ပြီး ပူနွေးသော ရာသီဥတုကို ကြိုက်နှစ်သက်သောအပင်တစ်မျိုးဖြစ်ပါတယ် အပင်မှာ အနီရောင် နှင့်အစိမ်းရောင်ပင်(၂)မျိုးရှိပြီး အစေ့ချစိုက်ပျိုးခြင်းအဖြစ် အလေ့ကျပေါက်ရောက်လျက်ရှိကြောင်းလဲတွေ့ရှိရပါသည်။ ဟင်းနု နွယ်ပင်ကို သီးသန့်စိုက်ပျိုးခြင်းနှင့် သီးညှပ်စိုက်ပျိုးခြင်းကြောင့် ပိုလျှံသည်များအားရောင်းချကြပြီး အပိုဝင်ငွေရရှိကြောင်း နှင့်မိသားစုစားသုံးရန် တပိုင်တနိုင် စိုက်ပျိုးလျက်ရှိကြောင်း သိရှိရပါသည်။ ဟင်းနုနွယ်ပင်သည် ကျန်းမာရေးကို အထောက်အကူပြုသော ဆေးဖက်ဝင် ဟင်းရွက်ပင်တစ်မျိုး ဖြစ်သည်။ ဟင်းနုနွယ်ပင်ကို စားသုံးခြင်းဖြင့် ရရှိသောကောင်းကျိုးများမှာ အစိမ်းရောင်ခြယ် ပစ္စည်းများပါဝင်သောကြောင့် ကိုယ်တွင်းရှိ မကောင်းသောဓာတ်တိုးဆန့်ကျင်တဲ့ အာနိသင်ပါဝင်ခြင်း၊ ဗီတာမင် အေ အာနိသင်ကြွယ်ဝစွာပါဝင်သောကြောင့် အမြင်အာရုံများကောင်းမွန်ခြင်း၊ ခုခံအား မြင့်တက်စေသော သွေးဖြူဥဆဲလ်များကို အားကောင်းလာကြောင်း၊ ဗီတာမင် အေ၊ စီ၊ ကေ၊ ဖောလစ်အက်ဆစ်ဓာတ်များ ပါဝင်သောကြောင့် အရွယ်ရောက်သူများအတွက် အရေပြားကို ကြည်လင်ဝင်းပပြီး ပျက်စီးသွားသောဆဲလ်များကို အသစ်ဖြစ်ပေါ်လာပြီး အရွယ်တင်နုပျိုလာကြောင်း လေ့လာသိရှိရပါသည်။ ငယ်ရွယ်သူများအတွက် ဟင်းနုနွယ်ရွက်ထဲတွင် ဗီတာမင်နှင့် သတ္တုဓာတ်များ ပါဝင်သောကြောင့် ဝက်ခြံ၊ အမာရွတ်၊ အမည်းစက်နှင့်ယားယံခြင်းများကိုလည်း ကာကွယ်ပေးပြီး ဇင့်၊ မဂ္ဂနီဆီယမ်၊ သံဓာတ်နှင့် ဗီတာမင် ဘီ တို့ပါဝင်သောကြောင့် ဆံပင်ကျွတ်ခြင်းများ၊ ညဘက် အိပ်မပျော်ခြင်းများနှင့် နေလောင်ဒဏ်ကြောင့် အရေပြားပြဿနာများမဖြစ်အောင် ကာကွယ်ပေး ကြောင်းလေ့လာသိရှိရပါသည်။ ကလေးအာဟာရဓာတ်စာအဖြစ်လည်း အသုံးပြုပြီး အမျှင်ဓာတ်များ ပါဝင်သောကြောင့် ကိုယ်အလေးချိန်လျော့ကျသည် အစားစာအဖြစ် အသုံးပြုကြောင်း လေ့လာ သိရှိရပါသည်။ ဟင်းနုနွယ်ရွက်ကို အစားများခြင်းကြောင့် ဝမ်းချုပ်ခြင်းများဖြစ်ပေါ်ခြင်းကြောင့် ကျန်းမာရေးမကောင်းသောသူများအနေဖြင့် ဆင်ခြင်၍ စားသုံးသင့်ကြောင်း လေ့လာသိရှိရပါသည်။ ဟင်းနုနွယ်ရွက်သည် ချက်ပြုတ်ရလွယ်ကူရုံသာမက ကျန်းမာရေးအတွက် အထောက်အကူပြု သောကြောင့် အိမ်ရှင်မများအတွက် လက်စွဲဟင်းတစ်ခွက်ဖြစ်သည်။ ဟင်းနုနွယ်ရွက်ကို ချက်စား၊ သုပ်စား၊ ကြော်စား မိမိကြိုက်နှစ်သက်သည့် ပုံစံအမျိုးမျိုးပြုလုပ်၍ စားလေ့ရှိကြသည်။ ဟင်းနုနွယ်ရွက်ကို ရေနွေးဖျောပြီး ပုဇွန်ခြောက်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဆီချက် မြေပဲတို့နဲ့လည်း သုပ်၍စားသည်အပြင် ကြက်ဥနဲ့လည်း ကြော်၍စားလေ့ရှိကြပြီး အရည်သောက်ဟင်းချိုအဖြစ်လည်း ချက်ပြုတ်၍စားသုံးလေ့ရှိသည်။ ဟင်းနုနွယ်ရွက်ကို ရာသီမရွေး ဈေးထဲတွင် အလွယ်တကူ ဝယ်ယူလို့ရသော ဟင်းရွက်တစ်မျိုးဖြစ်ပြီး မန္တလေးမြို့ပေါ်ရှိ ယခု ဇန်နဝါရီလဈေးနှုန်းအနေဖြင့် လက်ကားဈေးနှုန်း(၁ပိဿာ)လျှင်၁၅၀ဝိ/-၊ လက်လီဈေး(၁ပိဿာ)လျှင်၂၀၀ဝိ/-နှုန်းဖြင့် ရောင်းချ လျက်ရှိကြောင်း ဈေးရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။
DOCA(မန္တလေး)