Main menu

မဟာမြတ်မုနိဘုရားကြီး၏နိဗ္ဗာန်ကုန်ဈေးကွက်

Powered by Drupal

မန္တလေးမြို့ဟာဗုဒ္ဓဘာသာထွန်းကားသည့်မြို့ဖြစ်သည်နှင့်အညီမြို့အနှံမှာဘုရား၊စေတီပုထိုးများ တည်ထား ကိုးကွယ်ကြပါတယ်၊ မန္တလေးမြို့ရဲ့ အထင်ကရ နေရာများကတော့ မဟာမြတ်မုနိ၊ ကုသိုလ်တော်ဘုရား၊ မန္တလေးတောင်၊အတုမရှိရွှေနန်းတော်၊ ရွှေကျီးမြင်၊ မဟာလောကမာရဇိန်အောင်တော်မူဘုရား၊ ကျောက်တော်ကြီး ဘုရား၊ ကျောက်စိမ်းဘုရား၊စန္ဒာမုနိဘုရားစသည်များဖြစ်ကြပါသည်။ ဘုရား၊ စေတီပုထိုးများအနက် မဟာမြတ်မုနိ ရုပ်ရှင်တော်မြတ်ကြီးဟာမန္တလေးမြို့ကိုလာရောက်လည်ပတ်သူတိုင်း မဖြစ်မနေလာရောက်ဖူးမျှော်ကြသည့် မဟာ မြတ်မုနိ ရုပ်ရှင်တော်မြတ်ကြီးဖြစ်ပါတယ်။ မန္တလေးမြို့ရဲ့ ခရီးစဉ်တစ်လျောက်မှာ မဟာမြတ်မုနိဘုရား မပါလျင် မပြည့်စုံသကဲ့သို့ မဟာမြတ်မုနိ(ဘုရားကြီး) ဟာ မန္တလေးမြို့၏ မျက်နှာစာဟုလည်းခေါ်ဆိုကြောင်းသိရပါသည်။

မန္တလေးမဟာမုနိဘုရား ကို မဟာမြတ်မုနိဟူ၍ လည်းကောင်း၊ ဘုရားကြီးဟူ၍ လည်းကောင်း ခေါ်ဆို ကြသည်။ ထူးခြားအံ့ဩဖွယ်ကောင်းသော မဟာမြတ်မုနိရုပ်ရှင်တော်မြတ်ကြီးသည် ဉာဏ်တော် ၄ မီတာ၊ အလေးချိန် ၆.၅ တန်ရှိပြီး စိန်၊ပတ္တမြား၊နီလာများဖြင့် စီခြယ်ထားသော သင်းကျစ်တော်နှင့်အတူ ကြေးဖြင့် ပုံသွန်း လောင်းထားပါသည်။မဟာမြတ်မုနိဘုရားကြီး၏ အဓိကစိတ်ဝင်စားဖွယ်ရာမှာ မျက်နှာသစ်တော်ရေကပ်လှူခြင်း၊ တံပူတော်ပူဇော်ခြင်းကို နေ့စဉ် နံနက်(၄:၀၀)နာရီမှ (၄:၃၀)နာရီထိ စည်တော်ကြီးတီး၍ ပူဇော်ကြပြီး ညနေ(၄:၀၀)နာရီအချိန်တွင် ပန်းစေတီကပ်လှူ၍ နောက်တစ်နေ့ မျက်နှာသစ်တော်ရေ အတွက် ပန်း၊ ရေချမ်း၊ သနပ်ခါးရည်များကိုအဆင်သင့်ဖြစ်အောင်ပြုလုပ်ပြီးဘုရားကြီးတံခါးကိုစည်တော်ကြီးတီး၍ပိတ်ခြင်းပင်ဖြစ်ပါသည်။

မြန်မာနိုင်ငံအနှံအပြားဒေသများမှ မန္တလေးမြို့သို့ ဘုရားဖူးလာရောက်လည်ပတ်ကြသူများသည် မဟာ မြတ်မုနိဘုရား(ဘုရားကြီး)ဈေးတန်းမှကြေးဆင်းတု၊ဘုရားကျောင်းဆောင်၊ဘုရားသောက်တော်ရေခွက်၊ဘုရားပန်းအိုး၊ ဆွမ်းတော်စုံ(ကြေး/စတီး)၊ကြေးဖလား၊ကြေးစည် စသည်များစုံလင်စွာဝယ်ယူရရှိနိုင်ပြီး ကြေးဆင်းတုဈေးနှုန်းများ အနေဖြင့်၁၀ကျပ် ၇၀၀၀၀/- ၊၁၂ ကျပ် ၁၅၀၀၀၀/- ၊၁၅  ကျပ် ၂၂၀၀၀၀/-ဆွမ်းတော်စုံ(ကြေး) ၉ ကျပ် ၂၀၀၀၀/- ၁၀ ကျပ် ၃၅၀၀၀/-  ၁၂  ကျပ် ၅၀၀၀၀/-၊ဆွမ်းတော်စုံ(စတီး)   ကျပ် ၁၅၀၀၀/-မှ ၃၅၀၀၀/-ထိ၊ ကြေးပန်းအိုး   ၅မှ၉ကျပ်၁၀၀၀၀/-မှ၃၀၀၀၀/-ဝန်းကျင်၊ကြေးပန်းအိုးမှာအများဆုံးကျပ်၁၀၀၀၀၀/ထိ၊ကြေးဆွမ်းအုပ် ကျပ်၅၀၀၀၀/- မှ ၁၀၀၀၀၀/-၊ဘုရားကျောင်းဆောင် ကျပ် ၃၀၀၀၀/-၊ ကြေးဖလားများမှာ အသေးဆုံး ကျပ် ၁၀၀၀၀/-မှ ကျပ် ၁၀၀၀၀၀/-ဝန်းကျင် ဈေးများဖြင့် ရောင်းဝယ်လျက်ရှိကြပြီး ဘုရားကြီးဈေးသည်များအတွက် မြန်မာ့ဓလေ့အရ “ကုသိုလ်လည်းရဝမ်းလည်းဝ”သောလုပ်ငန်းတစ်ခုဖြစ်သည့်အပြင်ဘုရားကြီးဈေးတန်းမှာအမြဲစည်ကားလျက် ရှိပြီး လပြည့်လကွယ်နှင့်ပွဲတော်ရက်များတွင်ဘုရားဖူးလာကြသူများပြားသောကြောင့်ရောင်းအားကောင်းလျက်ရှိကြောင်းသိရပါသည်။

DOCA(မန္တလေး)