Main menu

မင်းဘူးမြို့ရှိ သီးနှံရောင်းဝယ်ရေးပွဲရုံများအား အသိပညာပေးဆွေးနွေး

Powered by Drupal

          မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် (၂၀.၁.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီတွင် ပြည်တွင်းကုန်သွယ်မှုကဏ္ဍဖွံ့ဖြိုး တိုးတက် စေရေးအတွက် မင်းဘူးမြို့ရှိပွဲရုံများသို့ သွားရောက်၍ စီးပွားရေးလုပ်ငန်းရှင်များအား ကွင်းဆင်း နှင့်တွေ့ဆုံ၍ အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

          ထိုသို့ဆောင်ရွက်ရာတွင် ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ(တတိယပတ်)တွင် ပဲမျိုးစုံသီးနှံများ၏ ဈေးနှုန်းဈေးကွက် အခြေအနေအား မေးမြန်းခဲ့ရာ ပဲစင်းငုံ တစ်တင်းလျှင် ကျပ်(၉၂၀၀၀)၊ ပဲလွန်း တစ်တင်းလျှင် ကျပ်(၇၃၀၀၀)နှင့် မတ်ပဲတစ်တင်းလျှင် ကျပ်(၇၅၀၀၀)ဈေးနှုန်းများဖြင့် အရောင်း အဝယ်ဖြစ်ပြီး သီးနှံများအား မကွေး၊ မန္တလေးမြို့များသို့ တင်ပို့ရောင်းချပါကြောင်း၊ ပဲမျိုးစုံသီးနှံများအား မင်းဘူးမြို့အနီးရှိ ချောင်းဖြူ၊ ကံသစ်၊ ကံကုလား၊ မယ်ဘေ့ ကုန်းကျေးရွာများမှ အများဆုံး လာရောက် ရောင်းချကြကြောင်း ပွဲရုံပိုင်ရှင်တစ်ဦးထံမှ သိရှိခဲ့ရပြီး ခရိုင်ဦးစီးမှူးမှ စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် တောင်သူများအပေါ် သတ်မှတ်ရည်ညွှန်း ဈေးထက်ပို၍ ဝယ်ယူခြင်း မပြုရန်နှင့် သတ်မှတ်ရည်ညွှန်းဈေး အတိုင်းသာ ဝယ်ယူကြရန် အသိပညာပေး ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။