Main menu

ကန့်ဘလူမြို့နယ်အတွင်းရှိ ခါကြက်ဥ ဈေးနှုန်း အခြေအနေ

Powered by Drupal

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ခါကြက်ဥ (ဗမာ)မျိုးကို စိုက်ပျိုးလျက်ရှိကြပြီး မိမိတို့ဒေသတွင်းရှိ ကျေးရွာများနှင့် ကျွန်းလှမြို့ရှိ ဈေးကွက်အတွင်းသို့ ပို့ဆောင် ရောင်းချကြပါသည်။

ကန့်ဘလူမြို့မဈေးတွင် ခါကြက်ဥများကို ရောင်းချလျက်ရှိရာ ခါကြက်ဥ(၂)မျိုးရှိပြီး ခါကြက်ဥ (ဗမာ)ဥများကို ဒေသတွင်းမှ ထွက်ရှိပြီး  တစ်ပိဿာလျှင် (၂၅၀၀)ကျပ်ဈေးနှင့် ဖောက်သည်ဝယ်ယူ ရပါကြောင်း၊ ခါကြက်ဥ(တရုတ်) ဥကြီးများကို မန္တလေးမြို့နှင့် ရှမ်းပြည်နယ်တို့မှ ‌ဖောက်သည်ဈေး တစ်ပိဿာလျှင်(၅၀၀၀)ကျပ်ဖြင့်ဝယ်ယူရပြီး ဈေးကွက်အတွင်းသို့ ရောင်းချလျက်ရှိပါကြောင်း သိရသည်။

 ဇန်နဝါရီလ စတုထ္ထပတ်တွင် ခါကြက်ဥ(ဗမာ)ဥကြီး တစ်ပိဿာလျှင်(၆၀၀၀)ကျပ် ၂၅ကျပ်သားလျှင် (၁၅၀၀)ကျပ်၊ ခါကြက်ဥ (ဗမာ) ဥသေး တစ်ပိဿာလျှင်(၄၀၀၀)ကျပ် ၂၅ကျပ်သားလျှင်(၁၀၀၀)ကျပ်၊ ခါကြက်ဥ (တရုတ်)ဥ တစ်ပိဿာ လျှင်(၈၀၀၀)ကျပ်၊ ၂၅ကျပ်သားလျှင် (၂၀၀၀)ကျပ် ဈေးနှုန်းများ အသီးသီးဖြင့် အရောင်းအဝယ်ဖြစ် လျက်ရှိသောကြောင့် သိရပါသည်။

DOCA(စစ်ကိုင်း)