Main menu

ပြည်သူများဘေးအန္တရာယ်ကင်းရှင်းရေး စားသုံးဆီလုပ်ငန်းရှင်များအား အသိပညာပေး

Powered by Drupal

                 ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပုသိမ်ခရိုင်ဦးစီးမှူး ဦးတင်စိုးလှိုင် ဦးဆောင်သောအဖွဲ့သည် ပုသိမ်ခရိုင်အတွင်းရှိမြို့နယ်များတွင် စားသုံးသူအခွင့်အရေးနှင့် စားသုံးသူအကျိုးစီးပွားကာကွယ်ရေးဆောင်ရွက်ရန်၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဆောင်ရွက်ရန်၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ၏ အရည်အသွေးစီမံခန့်ခွဲမှုနှင့် သုတေသနလုပ်ငန်းများဆောင်ရွက်ရန် ရည်ရွယ်၍ (၁၉.၅.၂၀၂၂)ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်ရှိ စားသုံးဆီတင်သွင်းဖြန့်ဖြူး ရောင်းချသည့် ဆီလုပ်ငန်းရှင်များအား အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။ အသိပညာပေးပြောကြားရာတွင် စားသုံးဆီများအရည်အသွေးပြည့်မီရေး၊ ပြည်သူများ ကျန်းမာရေးနှင့်ညီညွတ်ပြီးဘေးအန္တရာယ်ကင်းရှင်းသည့် စားသုံးဆီများကို သုံးစွဲနိုင်ရေး၊ ဈေးကွက်အတွင်း ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြင့် ဝယ်ယူသုံးစွဲနိုင်ရေးတို့အတွက်  စားသုံးဆီတင်သွင်းခြင်း၊ ဖြန့်ဖြူးခြင်း လုပ်ငန်းများကို ထိန်းကြောင်းကြပ်မတ်ဆောင်ရွက်လျက်ရှိရာ ဈေးကွက်အတွင်းသို့ စားသုံးဆီများ ဖြန့်ဖြူးရာတွင် ဘေးအန္တရာယ်ကင်းရှင်းသည့် ဆီများရောင်းချနိုင်ရေး စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ ဆက်လက်၍ ဆီများတင်သွင်းရာ၌ အဝါရောင် Food Grade Clean Drum ဖြင့်လည်းကောင်း၊ Food Grade Bowser Truck ဖြင့်လည်းကောင်း တင်သွင်းမှသာ သန့်ရှင်းပြီး ဘေးအန္တရာယ်ကင်းရှင်းမှာဖြစ်ကြောင်း၊ ဈေးကွက်အတွင်းသို့ ဖြန့်ဖြူးရာတွင်လည်း ဓါတုဗေဒပစ္စည်းများ ထည့်သွင်းအသုံးပြုထားသည့် Drum များဖြင့် ထည့်သွင်းဖြန့်ဖြူးမရောင်းချရန်နှင့် Food Grade (New Drum/ Clean Drum /Jerry Can/ Consumer Pack)များဖြင့် ထည့်သွင်းဖြန့်ဖြူးရောင်းချမှသာ ဘေးအန္တရာယ်ကင်းရှင်းမှာဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။ စားသုံးဆီလုပ်ငန်းရှင်များမှ သိလိုသည်များကိုမေးမြန်းရာ ပုသိမ်ခရိုင်ဦးစီးမှူး ဦးတင်စိုးလှိုင်မှ ပြန်လည်ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)