Main menu

ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ ရွှေဂွန်းကျေးရွာရှိ စီးပွားရေးလုပ်ငန်းရှင်များအား ပြည်တွင်းထုတ်ကုန်များ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အသိပညာ‌ပေး ဆွေးနွေးပွဲကျင်းပ

Powered by Drupal

           စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်၊ ပြည်နယ်ဦးစီးမှူး ဦးသန်းဦးနှင့် ဝန်ထမ်းများသည် ၂၁-၅-၂၀၂၂ ရက် (စနေနေ့)၊ နံနက် ၀၉:၀၀ နာရီအချိန်တွင် ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့၊ ရွှေဂွန်းကျေးရွာ၌ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်သည့် စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ ဈေးကွက်စီးပွားရေးစနစ်နှင့်အညီ ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်အောင် အားပေးမြှင့်တင်ဆောင်ရွက်ရန်နှင့် စားသုံးသူ ကာကွယ်ရေးနည်းဥပဒေအကြောင်းများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရေးအတွက် ဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

          အဆိုပါဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးသန်းဦးက  ဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များအကြောင်း ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်နေ့က ထုတ်ပြန်လိုက်သည့် စားသုံးသူကာကွယ်ရေးနည်းဥပဒေကို အကျယ်တဝင့်ရှင်းလင်းဆွေးနွေးပြီး၊ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေး အထောက်အကူ ဖြစ်စေရန်အတွက် ရွှေဂွန်းကျေးရွာတွင် အဓိကအနေဖြင့် ပဲပုတ်နှင့် မြေပဲကို အများဆုံး စိုက်ပျိုးကြပြီး မတ်ပဲတို့ကိုပါ စိုက်ပျိုးသင့်ကြောင်း၊ ဈေးကွက်လေ့လာကြည့်ရာတွင် မတ်ပဲ သည် ပြည်ပမှ ဈေးကောင်းပေးသည့်ပဲဖြစ်ကြောင်း၊ စိုက်ပျိုးရေးကို ပိုမိုတိုးချဲ့ရန်လိုအပ်ပါက မိမိဒေသထဲမှာ စိုက်ပျိုးရေးသိပ္ပံသင်တန်းတက်ထားသည့် လူငယ်နှင့်ပူးပေါင်း၍ စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်လျှင် ပိုမိုကောင်းမွန်လာမည်ဖြစ်ပါကြောင်း၊ စားသုံးဆီနှင့်ပတ်သက်၍ ကုန်အညွှန်းအမှတ်အသားဖော်ပြထားသည့် ဆီကိုသာ စားသုံးသင့်ကြောင်း၊ စားသုံးသူ ကာကွယ်ရေးနှင့် ပြည်တွင်းကုန်သွယ်မှုဆိုင်ရာ အချက်အလက်များကို သိရှိလိုပါက မိမိတို့ဌာနနှင့် ဆက်သွယ်ဆောင်ရွက်နိုင်ပါကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသူများက သိလိုသည်များကို မေးမြန်းရာ ပြည်နယ်ဦးစီးမှူးက ပြန်လည်ရှင်းပြခဲ့ပြီး နေ့လယ် ၁၃:၃၀ နာရီအချိန်တွင် ဆွေးနွေးပွဲကို ရုတ်သိမ်းခဲ့ကြောင်း သိရပါသည်။

DOCA(ကရင်)