Main menu

မြိတ်မြို့၊ ဆိပ်ငယ်ရပ်၊ စည်ပင်သာယာစျေးကြီး၌ အသိပညာပေးဟောပြောဆွေးနွေး

Powered by Drupal

            တနင်္သာရီတိုင်း‌ဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ခိုင်မာတိုးတက်စေရေး၊ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက်ရည်ရွယ်၍ (၂၀.၅.၂၀၂၂)ရက်နေ့၊ နေ့လည်(၁း၀၀)နာရီအချိန်တွင် မြိတ်မြို့၊ ဆိပ်ငယ်ရပ်၊ စည်ပင်သာယာစျေးအတွင်းရှိ အစည်းအဝေးခန်းမ၌ စားသောက်ကုန်၊ အလှကုန်နှင့် အိမ်သုံးဆေးဝါးများ ရောင်းချနေသူများအား အသိပညာပေးဟောပြောဆွေးနွေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

          ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်ရွယ်ချက်အပါအဝင် စျေးကွက်အတွင်းရောင်းချနေ‌သော ကုန်ပစ္စည်းများတွင် ကုန်စည်အမျိုးအစားအလိုက် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းများ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူများ၏ ရရှိနိုင်သောအခွင့်အရေး(၈)ချက်နှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ဘေးအန္တရာယ်ကင်းရှင်းသောကုန်စည်များ ရောင်းချနိုင်ရေးတို့ကို ပြောကြားပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြထားသော အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

DOCA(တနင်္သာရီ)