Main menu

ရွှေဘိုခရိုင်၌ ဆီနှင့်ကုန်မျိုးစုံရောင်းဝယ်ရေးလုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ အသိပညာပေးဆွေးနွေး

Powered by Drupal

             စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင် ဦးစီးမှူးဦးဆောင်သောဝန်ထမ်းများအဖွဲ့သည် မေလ(၂၀)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် ရွှေဘိုမြို့၊ အမှတ်(၆)ရပ်ကွက်ရှိ ထွန်းဆီနှင့် ကုန်မျိုးစုံရောင်းဝယ်ရေးလုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ရာ  စားသုံးဆီများဖြန့်ဖြူးရောင်းချရာ၌ စားသုံးဆီအရည်အသွေးနှင့် ချိန်တွယ်သည့်ပိဿာကိုက်ညီမှုရှိစေရေး၊ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဖော်ပြရန်လိုအပ်သော ကုန်အညွှန်းအမှတ်အသားအချက်အလက်များ ပြည့်စုံမှုရှိစေရေး၊ စားသုံးသူကာကွယ်ရေးဉပဒေပါ စားသုံးသူအခွင့်အရေး (၈)ချက်နှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်း၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးထားမှုအပေါ် စားသုံးသူကတောင်းဆိုနိုင်သည့်အခွင့်အရေး၊ ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုအပေါ်တာဝန်ရှိမှု၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းအကြောင်းများကို အကျယ်တဝင့်ဆွေးနွေးခဲ့ပြီး  စားသုံးသူရေးရာဦးစီးဌာနနှင့် ပတ်သက်သော သတင်းအချက်အလက်များအား သိရှိစုံစမ်းလိုလျှင် www.doca.gov. mm website နှင့် DOCA Myanmar Moblie Application တွင် ဝင်ရောက်လေ့လာနိုင်ကြောင်း၊ စားသုံးသူရေးရာဦးစီးဌာန Facebook Page တွင်လည်း ကြည့်ရှုနိုင်ကြောင်း၊ Consumer Call Centerများသို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်းနှင့် ကုန်စည်နှင့်ဝန်ဆောင်မှုများကြောင့် စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွားနစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ပါက တိုင်ကြားနိုင်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ပါသည်။

DOCA(စစ်ကိုင်း)