Main menu

ပုသိမ်မြို့တွင်းရှိ ရာသီပေါ်စတော်ဘယ်ရီဈေးနှုန်းဈေးကွက်

Powered by Drupal

ဧရာဝတီတိုင်းဒေသကြီး ၊ ပုသိမ်ခရိုင် ၊ ပုသိမ်မြို့နယ်အတွင်းရှိ ဈေးများနှင့် သစ်သီးအ ရောင်းဆိုင်များတွင်သာမက ခေတ်မှီတိုးတက်လာသည့် ခေတ်နှင့်အညီ Socail Media App ဖြစ်သည့် Facebook ပေါ်တွင်ပါ Order များကောက်ယူ၍ ယခုလဖေဖော်ဝါရီလအတွင်း စတော် ဘယ်ရီသီးများကို လှိုင်လှိုင် ရောင်းချလျက်ရှိပြီး ရာသီပေါ် စတော်ဘယ်ရီများကို  အများအားဖြင့် မေမြို့၊ ကလောမြို့နှင့် တောင်ကြီးမြို့များ တိုက်ရိုက်ဝယ်ယူရောင်းချလျက်ရှိ‌သည့်အပြင် ရန်ကုန် မြို့ရှိ သစ်သီးဒိုင်များမှ လည်း တစ်ဆင့်ယူရောင်းချလျက်ရှိပါသည်။

စတော်ဘယ်ရီကို ဖျော်ရည်အဖြစ်ပြုလုပ်၍လည်းကောင်း ဒိန်ချဉ်ဖြင့် တွဲဖက်၍ လည်းကောင်း ၊ ကိတ်မုန့်များတွင် အလှဆင်၍လည်းကောင်း ၊ အများဆုံး စားသုံးကြပြီး ယခုနောက်ပိုင်းတွင် Online တွင် နာမည်ကြီးသည့် Blogger များမှလည်း ပုစွန်ခြောက် ၊ ငံပြာရည် ၊ ငရုတ်သီးမှုန့်များဖြင့် သုတ်စားကြပါသည်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ စတုတ္ထပတ်အတွင်း ရောင်းချနေသော စတော်ဘယ်ရီသီးဈေးနှုန်းများမှာ စတော်ဘယ်ရီသီး(၁၀)ကျပ်သားလျှင် (၃၀၀၀) ကျပ်နှင့် စတော်ဘယ်ရီသီး (၁)ပိဿာလျှင် (၃၀၀၀၀)ကျပ်ရှိခဲ့ရာ ယခု ဖေဖော်ဝါရီလ ပထမပတ်တွင် စတော်ဘယ်ရီသီး (၁၀)ကျပ်သားလျှင် (၂၅၀၀)ကျပ်၊ စတော်ဘယ်ရီသီး (၁) ပိဿာလျှင် (၂၅၀၀၀) ကျပ်ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်အပတ်ဈေးနှုန်းများ နှင့်နှိုင်းယှဉ်ပါက ယခုအပတ်အတွင်း စတော်ဘယ်ရီသီးဈေးနှုန်းများကျဆင်းလာကြောင်း၊ ပေါ်ဦး ပေါ်ဖျားချိန်ဖြစ်နေသဖြင့် ဈေးနှုန်းအနည်းငယ်မြင့်တက်လျက်ရှိပြီး လကုန်လောက်တွင် ဈေးနှုန်း ကျဆင်းလာနိုင်ကြောင်း ဈေးအတွင်း၌ သစ်သီးရောင်းချနေသူထံမှ သိရပါသည်။

DOCA(ဧရာဝတီ)