Main menu

ကန့်ဘလူမြို့တွင် ဖရဲသီးများစတင်ရောင်းချလျက်ရှိ

Powered by Drupal

          ကန့်ဘလူမြို့ “မြို့မဈေး”နှင့် သစ်သီးမျိုးစုံရောင်းချသည့်ဆိုင်များတွင် ရာသီစာ ဖရဲသီးများ ကိုစတင်ရောင်းချလျက်ရှိပြီး မန္တလေးမြို့ပေါ်ရှိ သစ်သီးပွဲရုံများမှ မှာယူ၍ ပြန်လည်ရောင်းချကြောင်း သိရသည်။ ဖရဲသီးသည်  အရည်ရွှမ်းပြီးချိုသောကြောင့်  သရေစာအဖြစ်လည်းကောင်း၊ အဖျော်ရည် ဆိုင်များမှလည်း ဖရဲသီးဖျော်ရည်ပြုလုပ်၍လည်းကောင်း၊ ဖရဲသီးကိုစိပ်၍သော်လည်းကောင်း ရောင်းချလျက်ရှိရာ ဝယ်ယူစားသုံးသူများ များပြားလျက်ရှိကြောင်းသိရသည်။ ၂၀၂၅ခုနှစ်၊ ဖေဖော် ဝါရီလ ပထမပတ်အတွင်း ရောင်းချနေသော ဖရဲသီးဈေးနှုန်းမှာ ဖရဲသီးအသေး(၁)လုံးလျှင် (၄၀၀၀) ကျပ်၊ဖရဲသီးအကြီး(၁)လုံးလျှင် (၅၀၀၀)ကျပ်၊ ဖရဲသီးစိပ်(၁)စိပ်လျှင် (၇၀၀)ကျပ်ဖြင့်အရောင်းအ ဝယ်ဖြစ်လျက်ရှိကြောင်း ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသော သစ်သီးဆိုင်များမှသတင်းရ ရှိပါသည်။           

DOCA(စစ်ကိုင်း)