Main menu

ပခုက္ကူဈေးကွက်၌ နှမ်းနက်(စမုန်)များဈေးတက်၍ အရောင်းအဝယ်ဖြစ်နေ

Powered by Drupal

          မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံ မျိုးစုံရောင်းဝယ်ရေး ဈေးကွက်တွင် နှမ်းသီးနှံများ နေ့စဉ် အရောင်းအဝယ်ဖြစ်လျက်ရှိရာ ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ(ပထမပတ်)တွင် ဆီထွက်သီးနှံ နှမ်းမျိုးစုံ အရောင်းအဝယ်ဖြစ်ပြီး နှမ်းနက်(စမုန်)များ ပြည်ပအဝယ်လိုက်၍ ဈေးတက်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ဈေးကွက်သို့ နှမ်းသီးနှံ စိုက်ပျိုးမှုများသော ပခုက္ကူ၊ မြိုင်၊ ပေါက်၊ ရေစကြို၊ ယောနယ်ဒေသများ၊ အခြားမြို့နယ်များဖြစ်သည့် မန္တလေး၊ စစ်ကိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ ထွက်ရှိသော နှမ်းသီးနှံများ နေ့စဉ် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ဖေဖော်ဝါရီလ (ပထမပတ်)တွင် ယောနယ်ဒေသများနှင့် ပခုက္ကူ၊ မြစ်ခြေအပြင် မြိုင်မြို့နယ်ဒေသထွက် နှမ်းသီးနှံများ ကုန်ချိန်အများဆုံး ဈေးကွက်သို့ဝင်ရောက်လျက်ရှိရာ မြိုင်မြို့နယ်ဒေသထွက် နှမ်းနက်(စမုန်)များ ကုန်ချိန်အများဆုံးဝင်ရောက်ကြောင်း၊ တစ်ရက်လျှင် ပိဿာ(၃၀)ဝင်အိတ်(၈၀၀ - ၁၀၀၀)ခန့် ဝင်ရောက်ကြောင်း၊ ပြည်တွင်းသုံးစွဲမှုအပြင် ပြည်ပအဝယ်လိုက်၍ ကုန်ဝင်သလောက် အရောင်းအဝယ် ဖြစ်နေကြောင်း ဈေးကွက်မှ သိရသည်။

          ဈေးနှုန်းအနေဖြင့် ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ(ပထမပတ်)တွင် နှမ်းအမျိုးအစားနှင့် အရည်အသွေး လိုက်၍ နှမ်းနက်(စမုန်)တစ်တင်းလျှင် ကျပ်(၂၃၃၀၀၀-၂၂၈၀၀၀-၂၂၀၀၀၀)၊ နှမ်းဖြူတစ်တင်းလျှင် ကျပ် (၁၂၄၀၀၀-၁၁၉၀၀၀-၁၀၈၀၀၀)၊ နှမ်းဝါတစ်တင်းလျှင် ကျပ်(၁၀၅၀၀၀-၁၀၃၀၀၀-၁၀၀၀၀၀)အရောင်း အဝယ်ဖြစ်ပြီး နှမ်းဖြူတစ်တင်းလျှင် ကျပ်(၁၂၆၀၀၀-၁၂၁၀၀၀-၁၁၀၀၀၀)၊ နှမ်းဝါတစ်တင်းလျှင် ကျပ် (၁၁၁၀၀၀-၁၀၉၀၀၀-၁၀၆၀၀၀) အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခင်ဇန်နဝါရီလ(ပထမပတ်)နှင့် ဈေးနှုန်း နှိုင်းယှဉ်ပါက နှမ်းနက်(စမုန်)တစ်တင်းလျှင် ကျပ်(၆၀၀၀)ခန့် ဈေးတက်ပြီး ကျန်နှမ်းအမျိုးအစား များမှာ ဈေးငြိမ်၍ အရောင်းအဝယ်ဖြစ်နေကြောင်း၊ သီးနှံပေါ်ချိန်ဖြစ်၍ ဈေးကွက်သို့ ကုန်ဝင်ရောက်မှု များ ကြောင်း၊ မြိုင်မြို့နယ်ဒေသထွက် နှမ်းနက်(စမုန်)များ အများဆုံးဝင်ရောက်ကြောင်း၊ ဈေးကွက်သို့ ရောက်ရှိသည့် နှမ်းများကို မြို့ပေါ်ရှိ ဆီစက်လုပ်ငန်းရှင်များ၊ နှမ်းလှော်လုပ်ငန်းရှင်များနှင့် အခြား စားသောက်ကုန် လုပ်ငန်းရှင်များမှ ဝယ်ယူမှုများကြောင်း၊ ရန်ကုန်၊ မန္တလေးဈေးကွက်သို့လည်း တင်ပို့လျက်ရှိကြောင်း၊ ထိုမှတစ်ဆင့် ပြည်ပတရုတ်နိုင်ငံသို့ တင်ပို့ကြောင်း၊ မြို့ပေါ်ရှိ ဆီထွက်သီးနှံ ရောင်းဝယ်ရေး ဈေးကွက်မှ သိရှိရပါသည်။ 

DOCA(မကွေး)