![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/3_138.jpg?itok=pesXiy0W)
ဖေဖော်ဝါရီလပထမပတ်အတွင်း ကြက်ဥစျေးမှာ ဇန်နဝါရီလနောက်ဆုံးပတ်ပေါက်စျေးနှင့် နှိုင်းယှဉ်ပါက ကြက်ဥစျေးအနည်းငယ်ကျဆင်းသော်လည်း ဘဲဥနှင့် ငုံးဥ ဈေးမှာဈေးငြိမ်နေကြောင်း သိရပါတယ်။ မန္တလေးစျေးကွက်အတွင်းပြင်ဦးလွင်မြို့နယ်၊ပြင်စာကျေးရွာမွေးမြူရေးခြံထွက်ကြက်ဥ များဝင်ရောက်မှုအများဆုံးဖြစ်ပြီး၊ကျောက်ဆည်၊မြစ်သား၊မြို့သာ မြို့နယ်ရှိ ခြံများမှလည်းဝင်ရောက် ကြောင်း သိရပါတယ်။ ဘဲဥမှာ အမရပူ၊ ပုသိမ်ကြီး၊မတ္တရာမြို့နယ်ရှိခြံများမှ ဝင်ရောက်မှုများပြီး၊ကျန် ဒေသများမှလည်း ဝင်ရောက်ကြောင်း သိရပါတယ်။ ငုံးဥမှာ မန္တလေး၊ စဉ့်ကိုင်၊ကျောက်ဆည်ဒေသ ရှိမွေးမြူရေးခြံတို့မှဝင်ရောက်ကြောင်း သိရပါတယ်။ကြက်ဥစျေးကွက်အနေဖြင့်ကြက်စာစျေးအနည်း ငယ်ကျဆင်းခြင်းနှင့် ဥထွက်နှုန်းကောင်းမွန်ခြင်းတို့ကြောင့်ဇန်နဝါရီလနောက်ဆုံးပတ်တွင်ဖြစ်ပေါ်ခဲ့ သည့်ပေါက်စျေးနှင့်နှိုင်းယှဉ်ပါကအနည်းငယ်ကျသွားကြောင်းသိရပါတယ်။ ၂၀၂၅ခုနှစ်ဖေဖော်ဝါရီလ ပထမပတ်အတွင်းဖြစ်ပေါ်ခဲ့သောလက္ကားစျေးမှာကြက်ဥ(၃၀လုံးပါ၁၀ကဒ်)တစ်ဆွဲလျှင် ၁၂၆၀၀ဝိ/- နှင့် ၁၃၅၀၀ဝိ/- စျေး၊လက်လီစျေးအနေဖြင့် ကြက်ဥတစ်လုံးလျှင် ၄၂ဝိ/- နှင့် ၄၅ဝိ/- ၊ ဘဲဥတစ်လုံး လျှင် ၅၇ဝိ/-နှင့် ၅၈ဝိ/- ၊ ငုံးဥ(၁၀) လုံး လျှင် ၂၃၀ဝိ/-နှင့် ၂၅၀ဝိ/- စျေးအသီးသီးဖြင့် ရောင်းချလျက် ရှိကြောင်း ကြက်ဥ၊ ဘဲဥ ရောင်းချသူထံ မှ သိရပါတယ်။ စျေးကွက်အတွင်း ကြက်ဥ၊ဘဲဥနှင့် ငုံးဥစျေး များမှာအလုံးအရွယ်အစား ပေါ်မူတည်၍ စျေးအနည်းငယ်ကွာခြားမှုရှိကြောင်း သိရပါတယ်။ ၂၀၂၅ ခုနှစ်ဖေဖော်ဝါရီလပထမပတ်အတွင်း မန္တလေးစျေးကွက်အတွင်း ကြက်ဥ၊ဘဲဥနှင့်ငုံးဥစျေးကွက်မှာ အရောင်းသွက်လျက်ရှိသည့်ကုန်စည်ဖြစ်ကြောင်း သိရပါတယ်။ ပြင်ဦးလွင်ဒေသရှိ မွေးမြူရေးခြံများ မှ မန္တလေးစျေးကွက်အတွင်းသို့ ကြက်ဥဝင်ရောက်မှုမှာ ၁၆ မိုင်၊ထုံးဘိုဂိတ်ဖြတ်ယာဉ်စာရင်းများ အရ နေ့စဉ် ၆ ဘီးနှင့် ၁၂ ဘီးယာဉ် (၄)စီးမှ (၁၁)စီးအတွင်း ဝင်ရောက်ကြောင်း သိရပါတယ်။
DOCA(မန္တလေး)