![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/19_40.jpg?itok=WWXik0Vr)
မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်မြို့နယ်အတွင်းရှိ တောင်သူများသည် စပါး၊နှမ်း၊ပဲ၊ ပြောင်း၊ ခရမ်း၊ ငရုတ်စသည့် သီးနှံမျိုးစုံစိုက်ပျိုးကြသော်လည်း စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည့် ခရမ်းချဉ်သီးကိုလည်းအများအပြား စိုက်ပျိုးလာကြပါသည်။အများဆုံးစိုက်ပျိုးသည့် ခရမ်းချဉ်သီးမျိုး များမှာ (111)မျိုး၊ (309)မျိုးများကိုစိုက်ပျိုးကြပြီး ရာသီဥတုအလိုက် ဒေသနေတောင်သူများသည် (111)မျိုးကိုပိုပြီးစိုက်ပျိုးလာကြပါသည်။ခရမ်းချဉ်သီးစိုက်ပျိုးမည်ဆိုပါက(၁)ဧကလျှင် မျိုးစေ့(၅-၆) ထုပ်စိုက်ပျိုးရကြောင်း၊မျိုးစေ့တစ်ထုပ်လျှင်(၁၅၀၀၀/-)ကျပ်ပေးရကြောင်း၊ မျိုးစေ့ကိုအိတ်ကလေး များဖြင့်ပျိုးထောင်ပြီး ပျိုးပင်တစ်လသားကျော်ခန့်အရွယ်တွင် စတင်စိုက်ပျိုးရကြောင်း၊စိုက်ပျိုးရာ တွင်ဝါးများဖြင့်တိုင်ထောင်စိုက်ပျိုးရပါသည်။သို့မှသာ အသီများဖြိုင်ဖြိုင်သီးပြီး ပင်စည်ခံနိုင်ရည်ရှိမှာ ဖြစ်ကြောင်း၊အများဆုံးစိုက်ပျိုးသောရွာများမှာ ကျောင်းကုန်း၊မင်းစုကျေးရွာနှင့်မြောင်းဘောင်ကျေး ရွာများဖြစ်ကြောင်း၊စတင်စိုက်ပျိုးပြီး တစ်လခွဲသက်တမ်းတွင် အသီးများစတင်ခူးဆွတ်နိုင်ပြီး ၅ရက် ခြားတစ်ကြိမ်ခူးဆွတ်နိုင်ကြောင်း၊စတင်ခူးဆွတ်ချိန်တွင်(၁)ဧကလျှင် ပိဿာချိန်(၃၀-၃၅)ဝန်းကျင် ထွက်ရှိပြီး တစ်ပတ်ထက်တစ်ပတ် အထွက်နှုန်းများပိုမိုလာပါကြောင်း၊အများဆုံးထွက်ရှိသောအချိန် တွင်(၁)ဧကလျှင် ပိဿာ(၄၀၀-၆၀၀)ဝန်းကျင်ခန့်ထွက်ရှိကြောင်း၊(၁)ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး၊သွင်းအားစု၊လုပ်သားခ အပါအဝင် စုစုပေါင်း(၇၅၀၀၀၀)ကျပ်ခန့်ကုန်ကျကြောင်းသိရှိရပါသည်။ သက်တမ်းအနေဖြင့် တစ်လခွဲခန့်ခူးဆွတ်ရကြောင်း၊စျေးနှုန်းစျေးကွက်အနေဖြင့် ဖောက်သည်စျေး (၁)ပိဿာလျှင်(၁၅၀၀-၁၇၀၀)ကျပ်စျေးနှုန်းရရှိပြီး လက်လီစျေးနှုန်းအနေဖြင့်(၁)ပိဿာလျှင်(၁၅၀၀- ၂၀၀၀)ကျပ်စျေးနှုန်းများဖြင့်အရောင်းအဝယ်ဖြစ်နေကြောင်း၊ကုန်စိမ်းသီးနှံဖြစ်သည်အတွက် စျေးနှုန်း အတက်အကျရှိနိုင်ကြောင်း၊ထွက်ရှိလာသော ခရမ်းချဉ်သီးများကို ဖောက်သည်များမှ စိုက်ခင်းများ အထိလာရောက်၍ဝယ်ယူကြသလို ကျောက်ဆည်မြို့နယ် ကုန်စိမ်းပွဲရုံများသို့လည်း သွားရောက်၍ ရောင်းချကြကြောင်း၊(၁)ဧက အကျိုးအမြတ်အနေဖြင့် သိန်း(၂၀)ကျော်ခန့်ရရှိသောကြောင့် တွက်ချေ ကိုက်ပြီးမိသားစုအပိုဝင်ငွေရရှိသော သီးနှံဖြစ်ပါကြောင်း တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။
DOCA(မန္တလေး)