![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/98_13.jpg?itok=toWe5VBr)
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများအပြင် စားဖိုဆောင်သီးနှံများဖြစ်သည့် ကြက်သွန်နီ၊ မုံလာဥဖြူ၊ မုံလာထုပ်တို့လည်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြကြောင်း သိရသည်။
ကန့်ဘလူမြို့နယ်အတွင်းရှိ ကာဘိုးကျေးရွာနှင့်အခြားကျေးရွာများတွင် မိသားစုစားသုံးရန်နှင့် ပိုလျှံသည်များကို ရောင်းချရန်အတွက် ကြက်သွန်နီကိုစိုက်ပျိုးကြကြောင်း သိရသည်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီနောက်ဆုံးပတ်တွင် ကန့်ဘလူမြို့မဈေး၌ ကြက်သွန်နီတစ်ပိဿာလျှင် ၃၈၀၀ကျပ်ရှိခဲ့ရာ ဖေဖေါ်ဝါရီလပထမပတ်အတွင်း ကြက်သွန်နီတစ်ပိဿာလျှင် ၃၅၀၀ကျပ်၊ မြစ်သားကြက်သွန်နီ တစ်ပိဿာလျှင် ၄၀၀၀-၄၅၀၀ကျပ်ဖြင့်ရောင်းချကြောင်း၊ ယခင်အပတ်ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ယခုပတ်အတွင်း ကြက်သွန်နီတစ်ပိဿာလျှင် ၃၀၀ကျပ် ကျဆင်းသွားကြောင်း ကုန်မျိုးစုံရောင်းချ သည့်လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)