![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/100_57.jpg?itok=Za3bzVop)
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်သည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင် ကြကြောင်းသိရသည်။ မြေပဲလုံးဆံနှင့် မြေပဲအတောင့်များကို မြေပဲစိုက်ပျိုးရာ၌လည်းကောင်း ၊ ဆီစက်လုပ်ငန်းရှင်အချို့မှ မြေပဲဆီကြိတ်ကာ ကုန်ချောထုတ်လုပ်၍ ပြန်လည်ရောင်းချကြောင်း၊ မြေပဲလုံးဆံကို မြေပဲယိုပြုလုပ်ခြင်း၊ အစားအသောက်များနှင့်တွဲဖက်စားသုံးခြင်းတို့ ပြုလုပ်ကြ ကြောင်း၊ ကန့်ဘလူခရိုင်တွင် အရောင်းအဝယ်ဖြစ်နေသည့် မြေပဲလုံးဆံများသည် ဒေသတွင်းမှလည်း ထွက်ရှိကြောင်း၊ မန္တလေးမြို့နှင့်ရွှေဘိုမြို့များမှလည်း ပြန်လည်ဝင်ရောက်ကြောင်း သိရသည်။
ကန့်ဘလူခရိုင်တွင် ဇန်နဝါရီလနောက်ဆုံးပတ်အတွင်း မြေပဲအတောင့်(၁)တင်းလျှင် ငွေကျပ် (၃၅၀၀၀)နှင့် မြေပဲလုံးဆံ(၁)တင်းလျှင် ငွေကျပ်(၁၂၅၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ဖေဖေါ်ဝါရီလပထမပတ်အတွင်း မြေပဲအတောင့်(၁)တင်းလျှင်(၃၇၀၀၀)ကျပ်နှင့် မြေပဲလုံးဆံ(၁) တင်းလျှင်(၁၂၉၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်လျက်ရှိသောကြောင့် မြေပဲအတောင့်(၁)တင်းလျှင် (၂၀၀၀)ကျပ်နှင့် မြေပဲလုံးဆံဈေးမှာ(၄၀၀၀)ကျပ် ပြန်လည်မြင့်တက်လာကြောင်း လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)