![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/101_48.jpg?itok=7ulk7jQn)
မုန့်လက်ဆောင်းသည် တစ်နှစ်ပတ်လုံးရနိုင်သည်ဟုဆိုသော်လည်း ယခုလို ဆောင်းအကုန် နွေအကူးခါနီး ကာလသို့ရောက်လျှင် မုန့်လက်ဆောင်းများ ရောင်းအားကောင်းလာသည်ကို တွေ့ရ ပါသည်။ မုန့်လက်ဆောင်းသည် ပူးပြင်းခြောက်သွေ့သည့် ရာသီဥတုနဲ့အလိုက်ဖက်ဆုံး မုန့်တစ်မျိုးဖြစ်သလို သောက်လိုက်ရင်လည်း ရင်ထဲအေးပြီး အမောပြေသွားသလို ခံစားရပါသည်။
မုန့်လက်ဆောင်းကို ထန်းလျက်၊ ဆား၊ မုန့်ဖတ်၊ သကြား၊ အုန်းသီး၊ နှမ်းလှော်ထောင်း၊ ရေခဲတို့ဖြင့်ပြုလုပ်ရကြောင်း၊ မုန့်ဖတ်ကို ဧရာမင်းဆန်ဖြင့်ပြုလုပ်ကြောင်း၊ ဆန်(၁)ပြည်လျှင်ထန်း လျက်(၃၅)ကျပ်သား၊ သကြား (၇၀)သား၊ အုန်းသီး (၂)လုံး အသုံးပြုကြောင်းသိရသည်။ ယခုအခါ မုန့်လက်ဆောင်းကို အထမ်းများဖြင့်လှည့်ပြီးရောင်းချကြသလို လမ်းဘေးတွင်ဈေးဆိုင်များဖြင့် လည်းရောင်းချကြကြောင်းသိရသည်။ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ပထမပတ်တွင် မုန့်လက်ဆောင်း ခွက်အသေး(၁)ခွက်လျှင် (၅၀၀)ကျပ်နှင့် မုန့်လက်ဆောင်းခွက်အကြီး(၁)ခွက်လျှင် (၁၀၀၀)ကျပ်ဖြင့် ရောင်းချရကြောင်း၊ ကုန်ကျစရိတ်မများသဖြင့် မုန့်လက်ဆောင်းရောင်းချသူများအတွက် အဆင်ပြေ လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)