![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/103_38.jpg?itok=08bmW1qv)
မြူရွက်ဟာ ဆောင်းတွင်းကာလမှာ နှင်းရည်သောက်ပြီး ပေါက်ရောက်သော ရာသီစာအရွက် တစ်မျိုးဖြစ်ပါသည်။ စိုထိုင်းဆရှိတဲ့ မြေနေရာတွေမှာ ပေါက်ရောက်ပြီး အပင်ပုမျိုးဖြစ်ကာ အရွက် ကခပ်ဖားဖားလေးတွေရှိကြောင်း ရိုးတံက အနည်းငယ်ပျော့ပြီး အရွက်ကနူးညံ့ကာ ဟင်းနုနယ်ရွက်နဲ့ဆင်တူပြီး တစ်ပင်လုံးကို စားလို့ရကြောင်း သိရသည်။
မြူရွက်လေးများကို ရေနွေးဖျောပြီး ရေစင်အောင်ညှစ်၊ သံပုရာရည်နိုင်နိုင်လေးနဲ့ ငရုတ်သီး စိမ်း၊ ကြက်သွန်နီ၊ ပုစွန်ခြောက်ထောင်း၊ မြေပဲထောင်းပြီး ဆီချက်(သို့) ဆီစိမ်းလေးနဲ့ သုပ်စားကာ ခံတွင်းမြိန်စေတဲ့ ဆေးဖက်ဝင် အရွက်သုပ်တစ်မျိုးဖြစ်ပါတယ်။၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ ပထမပတ် အတွင်း ကန့်ဘလူမြို့၊မြို့မဈေးတွင်း ရောင်းချနေသော မြူရွက်ဈေးနှုန်းမှာ မြူရွက်(၁)စည်းလျှင် (၂၅၀)ကျပ်၊ မြူရွက်(၂၅)ကျပ်သားပါ(၁)ထုပ်လျှင် (၅၀၀)ကျပ်နှင့် မြူရွက်(၁)ပိဿာပါ(၁)ထုပ်လျှင် (၂၀၀၀)ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)