![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/1_207.jpg?itok=n1rzHKDw)
တနင်္သာရီတိုင်းဒေသကြီးအနေဖြင့် မီးဖိုချောင်သုံးသီးနှံများအနက် ဟင်းသီးဟင်းရွက်များ ကိုသာ အများအပြား စိုက်ပျိုးကြပြီး ဒေသ၏ ရေ၊ မြေနှင့် ကိုက်ညီမှုမရှိသော စားဖိုဆောင်သုံး သီးနှံ များကိုမူ ရန်ကုန်၊ မော်လမြိုင်နှင့် အညာဒေသများဖြစ်သော မိတ္ထိလာ၊ မုံရွာ၊ မြင်းခြံ၊အောင်ပန်း၊ ပျော်ဘွယ်၊ တပ်ကုန်း စသောမြို့များမှ ကုန်စည်အလိုက် မှာယူတင်သွင်းလျက်ရှိပါသည်။
ကြက်သွန်နီကို မိတ္ထိလာ၊ မြင်းခြံနှင့် မုံရွာ မြို့များမှလည်းကောင်း၊ ကြက်သွန်ဖြူ(ရှမ်းစ)အား ရှမ်းပြည်နယ်၊ အောင်ပန်းမှလည်းကောင်း၊ ကြက်သွန်ဖြူ(ကြူဂုတ်)အား မော်လမြိုင်မြို့မှ လည်း ကောင်း၊ မန်ကျည်းသီးကို ပျော်ဘွယ်၊ တပ်ကုန်းမြို့များမှလည်းကောင်း၊ အာလူးကို မော်လမြိုင်မြို့ မှလည်းကောင်း မှာယူတင်သွင်းလျက်ရှိပါသည်။
ထိုသို့ မှာယူတင်သွင်းရာတွင် မိတ္ထိလာ၊ မြင်းခြံ၊ မုံရွာမြို့များမှ ထားဝယ်မြို့သို့ ကားစီးလုံးငှား၍ တင်သွင်းပြီး တစ်ခေါက်လျှင် ကျပ်သိန်း (၄၀) ခန့် ကျသင့်ကြောင်း၊ မော်လမြိုင်မြို့မှ မှာယူပါက မည် သည့်ကုန်စည်မဆို ၁ပိဿာလျှင် သယ်ယူပို့ဆောင်ခ ၁၇ဝိ/- ခန့် ကျသင့်ပြီး ထားဝယ်မြို့တွင် လက်ရှိ ကြက်သွန်နီ(၁)ပိဿာလျှင်(၄၀၀ဝိ/-)ခန့်၊ ကြက်သွန်ဖြူ (ရှမ်းစ)(၁)ပိဿာလျှင်(၁၇၀၀ဝိ/)မှ(၁၉၀၀ဝိ/-) ၊ ကြူဂုတ် (၁)ပိဿာလျှင် (၁၈၀၀ဝိ/-)မှ(၂၀၀၀ဝိ/)၊ မန်ကျည်းသီး(အစေ့မပါ) (၁)ပိဿာ လျှင်(၈၅၀ဝိ/-) ၊အာလူး(၁)ပိဿာလျှင် (၆၅၀ဝိ/-)မှ(၇၀၀ဝိ/-)ခန့် ဈေးများဖြစ်ပေါ်လျက်ရှိကြောင်း စုံစမ်းသိရှိရပါသည်။
DOCA(တနင်္သာရီ)