![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/106_48.jpg?itok=oJT68F5j)
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ရှိ မြို့မဈေးနှင့် အသီးမျိုးစုံရောင်း ချနေသည့်ဆိုင်များတွင် ထောပတ်သီးများကို လှိုင်လှိုင်ရောင်းချနေကြောင်း သိရသည်။ ရာသီပေါ် ထောပတ်သီးများကို ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နှင့် မန္တလေးမြို့ရှိ သစ်သီးပွဲရုံများမှမှာယူ ရောင်းချလျက်ရှိကြောင်း သိရသည်။
ထောပတ်သီးကို သရေစာအဖြစ်လည်းကောင်း၊ ဖျော်ရည်အဖြစ်ပြုလုပ်၍လည်းကောင်း အများဆုံး စားသုံးကြကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ပထမပတ်အတွင်း ရောင်းချနေသော ထောပတ်သီးဈေးနှုန်းများမှာ ထောပတ်သီး(၁)လုံးလျှင် (၁၀၀၀)ကျပ်နှင့် ထောပတ်သီး(၄)လုံး လျှင်(၅၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်သောကြောင့် ရောင်းအားကောင်းကြောင်း ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသော သစ်သီးဆိုင်များမှ သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)