Main menu

ပဲမျိုးစုံကုန်စိမ်းစျေးကွက်ရှိပဲစာဥ

Powered by Drupal

           ဖေဖော်ဝါရီလပထမပတ်အတွင်း မန္တလေးကုန်စိမ်းစျေးကွက်သို့ ပဲစိမ်းမျိုးစုံစျေးကွက်တွင် ထောပတ်ပဲစိမ်း၊ ပဲကြီး(ပဲစိမ်း)၊ စားတော်ပဲစိမ်း၊ ပဲလိပ်ပြာ၊ ပဲစင်းငုံ၊ ရွှေပဲသီး၊ နွေပဲသီးတို့နှင့်အတူ ပဲစာဥ(ပဲစိမ်း)များ ဝင်ရောက်မှုများပြား လျက်ရှိပါတယ်။ မန္တလေးဒေသတွင်းမြို့နယ်များမှ ထွက် သည့် ကုန်စိမ်းများ၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့်ရှမ်းပြည်နယ်ဒေသထွက်ကုန်စိမ်းများ ဝင်ရောက်မှု များပြီး၊ကျန်ဒေသများမှလည်း ဝင်ရောက်ကြောင်း သိရပါတယ်။ ၄၁လမ်းစျေးမှာ မန္တလေးတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်ထွက်ကုန်စိမ်းများ ပိုမိုဝင်ရောက်လျှက်ရှိပြီး၊ သီရိမာလာစျေးမှာ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်ထွက်ကုန်စိမ်းများ ပိုမိုဝင်ရောက် ကြောင်း သိရပါတယ်။ သီရိမာလာစျေးအတွင်း ပန်းမျိုးစုံ၊ ငါး၊ပုဇွန်နှင့် ရေထွက်ပစ္စည်းများနှင့် ကုန်စိမ်းဟင်းရွက်ဟင်းသီး များဖြစ်သည့် ပန်းမုန်လာ၊ ဂေါ်ဖီထုပ်၊ ခါကြက်ဥ၊ အာလူး၊ ကြက်သွန်နီ/ ဖြူ၊ဂျင်း၊ နနွင်းတက်၊ မုန့်ညင်း၊ ဂေါ်ရခါးသီး၊ မုန်လာဥ၊ ပြောင်းဖူး၊ ခရမ်းချဉ်သီး၊ ဘူးသီး၊ ဘိုစားပဲသီး၊ ရွှေပဲသီး၊ ထောပတ်ပဲစိမ်း၊ ပဲကြီးအစို၊ ပဲလိပ်ပြာ၊နွေပဲသီး၊ စားတော်ပဲစိမ်း၊ ဟင်းနုနွယ်ရွက်၊ ကိုက်လံရွက်၊ ဆလပ်ရွက်၊ ကန်စွန်းရွက်တို့အနက် ပဲစာဥလည်း ဝင်ရောက်မှုများကြောင်း သိရ ပါတယ်။၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလပထမပတ်အတွင်း ကုန်စိမ်းသီးနှံပဲမျိုးစုံ(ပဲစိမ်း) ဝင်ရောက်လျက် ရှိပြီး၊ပေါက်စျေးအနေဖြင့် ပဲစာဥ(ပဲစိမ်းတောင့်)တစ်ပိဿာလျှင် လက္ကားစျေး ၆၀၀၀ ကျပ်နှင့် ၇၀၀၀ ကျပ်၊လက်လီ စျေး ၈၀၀၀ ကျပ်နှင့် ၉၀၀၀ ကျပ်၊ ပဲစာဥ (အခွံချွတ်ပဲစိမ်း)တစ်ပြည်လျှင်  လက္ကားစျေး ၁၂၀၀၀ ကျပ်နှင့် ၁၃၀၀၀ ကျပ်၊လက်လီစျေး ၁၄၀၀၀ ကျပ်နှင့် ၁၅၀၀၀ ကျပ်ဖြင့် အသီးသီး ရောင်းချ လျက်ရှိကြောင်း သိရပါတယ်။ ၂၀၂၅ ခုနှစ်ဖေဖော်ဝါရီလပထမပတ်အတွင်း ကုန်စိမ်းစျေးကွက် အတွင်း ပဲစိမ်းမျိုးစုံဝင်ရောက်လျက်ရှိပြီး၊ပဲစာဥ(ပဲစိမ်း)မှာအရောင်းသွက်လျက်ရှိကြောင်း ကုန်စိမ်း စျေးကွက် အတွင်းမှ သိရပါတယ်။ သီရိမာလာစျေးအတွင်း ၂၀၂၅ ခုနှစ်ဖေဖော်ဝါရီလ ပထမပတ် အတွင်း  ပဲစိမ်းမျိုးစုံအပါအဝင် ကုန်စိမ်းသီးနှံဝင်ရောက်မှုမှာ ကုန်စည်အမျိုးအစား အလိုက် Canter (၁၂ ဘီး နှင့် ၆ ဘီး) ယာဉ် (၂၈၀)စီး နှင့် (၄၂၀)စီးအကြား  ဝင်ရောက်လျက်ရှိကြောင်း  သိရပါတယ်။

DOCA(မန္တလေး)