![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/6_107.jpg?itok=fk5llLiV)
နှင်းဆီပန်းသည်ပန်းမန်စိုက်ပျိုးရေးတွင် လူကြိုက်များသော ပန်းအမျိုးအစားဖြစ်ပြီး အခြားပန်း များနှင့်မတူဘဲ တစ်နှစ်ပတ်လုံး စိုက်ပျိုးထွက်ရှိပါသည်။ နှင်းဆီသည် အင်္ဂလန်နိုင်ငံ၏ အမျိုးသားပန်း (National Flower) ဖြစ်ပြီး ခရစ်စမတ်ပွဲတော်၊ အီစတာပွဲတော်၊ အမေများနေ့၊ ချစ်သူများနေ့ စသော နေ့ထူးနေ့မြတ်များတွင် အများဆုံး အသုံးပြုသော ပန်းဖြစ်သည်။ နှင်းဆီပင်စိုက်ပျိုးရာတွင် မြေပြန့်ဒေသ တွင်မိုးရာသီအကုန် စက်တင်ဘာလ၊ အောက်တိုဘာ လများအတွင်း နှင်းဆီစိုက်ရန် အကောင်းဆုံး အချိန်ဖြစ်သည်။ နောက်အကျဆုံး နိုဝင်ဘာလကုန်အထိစိုက်နိုင်သည်။ သို့သော် ဂရုစိုက်နိုင်ပါက တစ်နှစ်လုံးနီးပါး စိုက်နိုင်ပါသည်။ (ဥပမာ- ပူပြင်းသော ရာသီတွင် အရိပ်လုပ်ပေးခြင်း)၊နှင်းဆီပန်းသည် အရောင် အဆင်းစုံလင်ခြင်း၊ရနံ့သင်းပျံ့ခြင်း၊ တစ်နှစ်ပတ်လုံး စိုက်ပျိုးထွက်ရှိခြင်း စသော အချက် များ ကြောင့် အလှစိုက်ပန်းပင် အဖြစ်လည်းကောင်း၊မိသားစုတစ်နိုင်တစ်ပိုင် စီးပွားရေး အဖြစ်လည်းကောင်း၊ စီးပွားဖြစ်လည်းကောင်း စိုက်ပျိုးလျက်ရှိကြပါသည်။ နှင်းဆီပန်းကို စိုက်ပျိုးရာတွင် လည်းမြေအမျိုးအစား မရွေးစိုက်ပျိုးနိုင်ပြီးအခြားပန်းမန်များထက် ကုန်ကျ စရိတ်လည်းနည်းပါးကြောင်းသိရပါသည်။ နှင်းဆီပန်းများ စိုက်ပျိုးရာတွင် ပျိုးပင်များကိုသာ စိုက်ပျိုးရပြီး (၀.၂၅)ဧကတွင် နှင်းဆီပင်(၁၀၀၀)ထိ စိုက်ပျိုး နိုင် ကြောင်းသိရပါသည်.စိုက်ပျိုးပြီး (၂)လအကြာတွင် အပွင့်များပွင့်လာပြီး ရောင်းတန်းဝင်သော နှင်းဆီပန်း များရရှိပါက စတင်ခူးဆွတ်၍ ရောင်းချကြောင်းသိရပါသည်။ နှင်းဆီပန်းများ ပွင့်လာပါက တစ်ရက်ခြား၊ နှစ်ရက်ခြားတစ်ခါ ခူးဆွတ်၍ ရောင်းချကြောင်း တစ်ခါခူးလျင် ပွင့်ရေ ၈၀၀၀-၁၀၀၀ ထိ ရရှိကြောင်း သိရပါသည်။ပြင်ဦးလွင်၊ပုသိမ်ကြီး၊စစ်ကိုင်း၊မတ္တရာ၊မုံရွာနယ်မှထွက်ရှိသောနှင်းဆီပန်းများကိုမန္တလေးမြို့ တွင်းနှင့် အခြားနယ်များသို့ တင်ပို့ရောင်းချရာတွင် အပွင့် (၁၀၀) မှ (၂၀၀) ခန့် ဝင်ဆံ့သော ဝါးသေတ္တာ(ပန်းတာ)များ၊ စက္ကူဖာများဖြင့် တင်ပို့ရောင်းချလျက်ရှိပါသည်။ လက္ကားဈေးနှုန်း အနေနှင့် နှင်းဆီပန်းအနီအပွင့်၁၀၀ ပါ၁စည်းလျှင် ၁၈၀၀၀/-၊နှင်းဆီပန်းအဝါနှင့် ပန်းရောင် ၁၈၀၀၀/-မှ၂၁၀၀၀/-၊ လက်လီဈေးမှာ နှင်းဆီပန်းအနီ ၁၀ ပွင့်စည်း ၁စည်းလျှင် ၃၀၀၀/-၊ နှင်းဆီပန်းအဖြူ/အဝါ/ ပန်းရောင် ၁၀ ပွင့်စည်း ၁ စည်း ၃၅၀၀/မှ၄၀၀၀/-နှုန်းဖြင့်ရောင်းချလျက်ရှိကြောင်းသိရပါသည်။ ဆောင်းရာသီတွင် နှင်းဆီပန်းအထွက်နှုန်းကျသဖြင့် ဈေးကောင်းရရှိပြီးမိုးရာသီတွင်အထွက်နှုန်းများသဖြင့်ဈေးနှုန်းလျော့နည်း ကြောင်းသိရှိရပါသည်။
DOCA(မန္တလေး)