![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/7_19.png?itok=G6ba0Q44)
တမာရွက်သည် အပူပိုင်းဒေသတွင်ပေါက်ရောက်သော အပင်ကြီးမျိုးဖြစ်သည်။ တမာရွက်ကို မန္တလေးမြို့အနီးတဝိုက်နှင့် ကျောက်ဆည်၊ မြစ်ငယ်၊ စစ်ကိုင်းတို့မှ တမာရွက်ပြုတ် များဝင်ရောက်လျက်ရှိပြီး အနယ်နယ်အရပ်ရပ်ရှိဈေးကလေးများသို့ ရောင်းချကြောင်းသိရှိရ ပါသည်။ တမာရွက်သည် ပြာသိုလနှင့် တပိုတွဲလများတွင် ထွက်ရှိပြီး တမာရွက်နုနုကလေးများကို ပြုတ်၍ ခရမ်းချဉ်သီးငါးပိချက်၊ ငံပြာရည်ချက်၊ ငါးပိရည်နှင့် ငါးခြောက်ချက်များတို့ဖြင့် စားသုံး ကြလေ့ရှိသည်။ ယခင်နှစ်က တမာရွက်(၁၀)သားလျှင် (၂၀၀၀/၂၅၀၀)ကျပ်၊ ယခုနှစ်တွင်မူ (၁၅၀၀/၂၀၀၀)ကျပ်အထိ ရောင်းချကြောင်းသိရှိရသည်။ တပေါင်းလနှင့်တန်ခူးလတို့တွင် အပင် များမှ တမာပွင့်ကလေးများသည့် ဝေဝေဆာဆာပွင့်လျှက်ရှိပြီး အညာမြေ၏ တမာရနံ့လေးများ တသင်းသင်းမွှေးလျက်ရှိနေပြီဖြစ်ပါသည်။ တမာသီးအမှည့်များပေါ်ချိန်တွင် မြေပြင်ပေါ်သို့ ကြွေကျသည့် တမာသီးမှည့်များကို နွား၊ ဆိတ်တို့က စားသောက်ကြပါသည်။ တမာသီးအမှည့် များကိုကောက်ယူပြီး တမာစေ့ဆီအဖြစ်ထုတ်လုပ်ကြောင်း ပိုးသတ်ဆေးနှင့် အိမ်သုံးဆေးဝါး ထုတ်လုပ်ရာတွင် အသုံးပြုရုံသာမက တမာတစ်ခက် သွားတသက် ဟု တမာရိုးနုနုလေးများဖြင့် သွားတိုက်ကြလေ့ရှိသည်။ တမာရွက်အကြမ်းများကို အနာများပျောက်ကင်းစေရန်အတွက် ပြုတ် ပြီး ဖန်ဆေးရာတွင် အသုံးပြုကြကြောင်း သိရှိရသည်။
DOCA(မန္တလေး)