Main menu

ရာသီစာမရမ်းသီးဈေးကွက် အရောင်းသွက်

Powered by Drupal

          မန္တလေးမြို့တွင်းသို့ တောင်ငူ၊ ပျဉ်းမနား၊ ပဲခူးနယ်များမှ မရမ်းသီးများ ဝင်ရောက်လျက် ရှိပါသည်။ မန္တလေးဈေးကွက်အတွင်းသို့ ဝင်ရောက်သည့် မရမ်းသီးဈေးနှုန်းများ အနေဖြင့် တောင်ငူဒေသမှ ဝင်ရောက်သည့် မရမ်းသီးတစ်ပိဿာ (၆၀၀၀၀) ကျပ်၊ ပျဉ်းမနားဒေသမှ မရမ်းသီးတစ်ပိဿာ (၆၅၀၀၀) ကျပ်၊ ပဲခူးဒေသမှ မရမ်းသီးတစ်ပိဿာ (၇၀၀၀၀) ကျပ်နှုန်းများဖြင့် လက်ကားသမား များမှ ဝယ်ယူလျက်ရှိပါသည်။ မန္တလေးမြို့တွင်းရှိ လက်လီရောင်းချသူများအနေနှင့် လက်ကား သမားများထံမှ ဒေသမခွဲခြားပဲ မရမ်းလုံးကြီး တစ်ပိဿာ (၇၅၀၀၀) ကျပ်၊ မရမ်းလုံးသေး တစ်ပိဿာ(၈၀၀၀၀-၈၃၀၀၀) ဈေးများဖြင့် ဝယ်ယူပြီး လက်လီရောင်းဈေးအနေဖြင့် တစ်ဆယ်ကျပ်သားလျှင် (၈၅၀၀-၉၀၀၀) ဈေးဖြင့် ပြန်လည်ရောင်းချလျက်ရှိပါသည်။ အမရပူရထွက် မရမ်းသီးသည် ဈေးကွက်အတွင်း ဖေဖော်ဝါရီလဒုတိယပတ်လောက်မှ စတင်ဝင်ရောက်မည်ဖြစ်ကြောင်းနှင့် ရာသီစာဖြစ်သည့် အတွက် ဈေးကွက်အတွင်း အရောင်းအဝယ်သွက်လျက်ရှိကြောင်း လေ့လာသိရှိရပါသည်။

DOCA(မန္တလေး)