Main menu

သင်္ဘောစိုက်ပျိုးဝင်ငွေတိုး

Powered by Drupal

၇.၂.၂၀၂၅

သင်္ဘောပင်သည်အပူပိုင်းဒေသတွင် အများအပြားစိုက်ပျိုးကြသည်။ ရေဆင်းကောင်းသော ယာမြေအမျိုးအစားများတွင် စီးပွားဖြစ်စိုက်ပျိုးနိုင်ပါသည်။ သင်္ဘောပင်ကိုမျိုးစေ့ တိုက်ရိုက်ချ စိုက်ပျိုးနိုင်ပြီး တစ်နှစ်ပတ်လုံး စိုက်ပျိုးနိုင်သည်။ စီးပွားဖြစ်စိုက်ပျိုးပါက ပင်ကြားတန်းကြား ၅ပေပတ်လည်ခွါ၍ စိုက်ပျိုးသည်။ သင်္ဘောပင်သည်တစ်နှစ်အတွင်း အသီးတင်သော ကြီးမြန် ပင်အမျိုးအစားဖြစ်ပါသည်။ မန္တလေးမြို့နှင့်အနီးတဝိုက်ဖြစ်သော စဉ့်ကိုင်၊ ပလိပ်၊ အမရပူရနှင့် ပုသိမ်ကြီးမြို့နယ်များတွင် သင်္ဘောပင်များ စီးပွားဖြစ်စိုက်ပျိုးကြသည်။ သင်္ဘောသီးအမှည့် သာမက သင်္ဘောသီးအစိမ်းများလည်း ဈေးကွက်တွင် ရောင်းချလျှက်ရှိပါသည်။ ဈေးနှုန်း ဈေးကွက်အနေနှင့် သင်္ဘောသီးမှည့် ၁လုံးလျှင် ၅၀၀၀ကျပ်မှ ၂၀၀၀ ၁၅၀၀ကျပ်ထိ အလုံး အရွယ်အစားလိုက်ရောင်းချလျှက်ရှိပြီး သင်္ဘောသီးအစိမ်းကိုမူ တလုံးလျှင် ၁၅၀၀ကျပ်မှ ၁၀၀၀မှ ၅၀၀ကျပ်ထိ အလုံးအရွယ်အစားလိုက်ရောင်းချကြပါသည်။ စိုက်ပျိုးထုတ်လုပ်သူများအနေနှင့် အစိမ်းသီးကိုအပင်အလုံးကြပ်မည်စိုးသောကြောင့်သီးညှပ်များကိုခူးစွတ်ရောင်းချခြင်းဖြစ်ပါသည်။သင်္ဘောပင်သည်သီးမှည့်သာမက အစိမ်းကိုလည်း အလေအလွင့်မရှိရောင်းချရသည့်အတွက် စိုက်ပျိုးသင့်သည့်သီးနှံတမျိုးဖြစ်ကြောင်းလေ့လာသိရှိရပါသည်။

DOCA(မန္တလေး)