Main menu

“စျေးကွက်အတွင်း(ဆောင်း)ကြက်သွန်နီများစတင်ဝင်ရောက်”

Powered by Drupal

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်သည် ရေစီးရေလာကောင်းမွန်သော ဆည်ရေ သောက်ဒေသတစ်ခုဖြစ်ပြီး စိုက်ပျိုးသော သီးနှံများအောင်မြင်ဖြစ်ထွန်းလျှက်ရှိပါသည်။စပါး၊ပဲမျိုးစုံ သီးနှံများအပြင်စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သောကြက်သွန်နီသီးနှံကိုလည်းစိုက်ပျိုးလျှက်ရှိပါသည်။ ခရိုင်အတွင်း ကြက်သွန်နီ(ဆောင်း) စိုက်ဧက(၂၈၀၂၀)ဧက စိုက်ပျိုးထားရှိပြီး ကျောက်ဆည်မြို့နယ် တွင်(၈၉၇၅)ဧက၊စဉ့်ကိုင်မြို့နယ်တွင်(၃၅၁၅)ဧက၊မြစ်သားမြို့နယ်တွင်(၁၅၅၃၀)ဧက စိုက်ပျိုးထားရှိ ကြောင်း ခရိုင်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၏ စာရင်းများအရသိရှိရသည်။ဇန်နဝါရီလနောက်ဆုံး ပတ်နှင့်ဖေဖော်ဝါရီလ ပထမပတ်အတွင်း (ဆောင်း)ကြက်သွန်နီများ စျေးကွက်အတွင်း ဝင်ရောက် လျှက်ရှိကြောင်းသိရှိရပါသည်။ (ဆောင်း)ကြက်သွန်နီ စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်အနေဖြင့် မျိုး ၊ သွင်းအားစု ၊ လုပ်သားခအပါအဝင် စုစုပေါင်း(၃၂)သိန်းကျပ်ခန့် ကုန်ကျကြောင်း၊မျိုးအနေဖြင့် မြစ်သားရွှေဖလားမျိုးမှန် နှင့်‌ရွှေဖလားထိပ်မောက်မျိုးများကို အများဆုံးစိုက်ပျိုးကြပါသည်။ စိုက်ပျိုးမှု တွင်မျိုးစေ့ကိုပျိုးထောင်၍ ပျိုးသက်ရင့်ချိန်တွင် ဘောင်စိုက်စနစ်ဖြင့်စိုက်ပျိုးကြပါသည် ။ မြို့နယ် အတွင်းအများဆုံးစိုက်ပျိုးသောရွာများမှာ ကသဲကုန်း၊သိုတန်၊ငါးမြွေကုန်း၊ ပင်းချား နှင့် လက်ဝဲရွာများ မှအများဆုံးစိုက်ပျိုးကြပါသည် ။ ကြက်သွန်နီ(၁)ဧက အထွက်နှုန်းအနေဖြင့် (၂၄၀၀-၂၅၀၀)ပိဿာ အထိထွက်ရှိကြောင်း ၊ မြေဆီ ၊ မြေသြဇာကျွေးသည့်အပေါ်မူတည်၍ အလုံးများသန်၍အထွက်ပို ကြောင်း၊ကြက်သွန်နီ တောဝယ်လက်များအနေဖြင့် ကြီး၊လတ်၊သေးအရော တစ်ပိဿာလျှင်(၂၆၀၀/) ကျပ်ဖြင့်ဝယ်ယူကြောင်း ၊ မန်‌သေ‌၊ မန်ခြောက်ပါက (၁)ပိဿာလျင်(၂၇၀၀/-)ကျပ်ဖြင့် ဝယ်ယူလျှက်ရှိ ကြောင်း ၊ ယခုလက်ရှိစျေးကွက် အတွင်း ကြက်သွန်နီ ပေါက်စျေးနှုန်းအနေဖြင့် လက်လီ (အကြီး) တစ်ပိဿာလျှင်(၃၈၀၀/-)ကျပ်၊ (အလတ်)တစ်ပိဿာလျှင်(၃၅၀၀/-)ကျပ်၊ (အသေး)တစ်ပိဿာလျှင် (၂၈၀၀/-)ကျပ် ၊ လက်ကား (အကြီး) တစ်ပိဿာလျှင်(၃၃၀၀/-)ကျပ်  (အလတ်) တစ်ပိဿာလျှင် (၃၂၀၀/-)ကျပ်၊(အသေး)တစ်ပိဿာလျှင်(၂၅၀၀/-)ကျပ်ဖြင့်ရောင်းဝယ်လျှက်ရှိကြောင်း၊ရောင်းဝယ်မှု စျေးကွက်အနေဖြင့် ပွဲစားများမှအခင်းထဲသို့ တိုက်ရိုက်ဝယ်ယူသူများရှိသလို အချို့တောင်သူများမှာ မန္တလေးပွဲရုံများသို့လည်း သွားရောက်‌ရောင်းချကြကြောင်း ၊ ပွဲရုံများမှတဆင့် အဆင့်ခွဲသန့်စင်ပြီး ရန်ကုန်မြို့သို့တင်ပို့ ရောင်းချလျှက်ရှိကြောင်းသိရှိရပြီး ကြက်သွန်နီ(၁)ဧက အကျိုးအမြတ်အနေဖြင့် စိုက်ပျိုးထုတ်လုပ်မှုစရိတ်နှုတ်ပြီး (၃၀)သိန်းခန့်  အမြတ်ရရှိပါကြောင်း ၊ ကြက်သွန်နီသီးနှံကို နှစ်စဉ် စိုက်ပျိုးသော ကသဲကုန်းကျေးရွာမှ တောင်သူတစ်ဦး၏ ပြောကြားချက်အရသိရှိရပါသည်။

DOCA(မန္တလေး)