![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/6_108.jpg?itok=2KLAH8Tk)
မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်အတွင်းတွင် သီးနှံမျိုးစုံ စိုက်ပျိုးလျှက်ရှိရာ ကုန်စိမ်းသီးနှံတစ်မျိုးဖြစ်သော ကျောက်ဖရုံသီးသီးနှံကိုလည်း ရာသီမရွေးစိုက်ပျိုးကြပြီး တစ်နှစ် ပတ်လုံးစိုက်ပျိုးကြပါသည်။ ကျောက်ဖရုံသီးမျိုးမှာ မျှားနီ(ထိုင်ဝမ်) မျိုး နှင့် ဗမာမျိုးများဖြစ်ပြီး မျှားနီ (ထိုင်ဝမ်)မျိုးကိုသာ အများဆုံးစိုက်ပျိုးကြကြောင်း ၊ ကျောက်ဖရုံသီးစိုက်ပျိုးမည်ဆိုပါက (၁)ဧကလျှင် မျိုးစေ့ (၄/၅)ထုတ်စိုက်ပျိုးရကြောင်း ၊ မျိုးစေ့တစ်ထုပ်လျှင်ဈေးနှုန်းအနေဖြင့် မျှားနီ(ထိုင်ဝမ်)မျိူး (၃၇၀၀၀/-)ကျပ်ရှိကြောင်း ၊ ဗမာသီးမျိုးတစ်ထုပ်လျှင် (၂၀၀၀၀/-)ကျပ်ရှိကြောင်း၊ ကျောက်ဖရုံသီးကို ဘောင်ဖြင့်စိုက်ပျိုးရကြောင်း၊တစ်ပင်နှင့်တစ်ပင်ငါးတောင်ခန်းဖွင့်၍ တစ်ပေခွဲခန့်ခြား ကြားစိုက်ပျိုးရ ကြောင်း၊ အများဆုံးစိုက်ပျိုးသည့်ကျေးရွာများမှာ မြစ်သားမြို့နယ်ရှိ ရွာခိုင်ကြီးကျေးရွာ၊မသဲကျေးရွာ၊ စမြှောင်ကျေးရွာများတွင် အများဆုံးစိုက်ပျိုးကြကြောင်း ၊ ကျောက်ဖရုံသီးကို သီးသန့်စိုက်ပျိုးသလို နနွင်းခင်း ၊ နှမ်းခင်းများတွင်လည်း သီးထပ်သီးညှပ်အဖြစ် စိုက်ပျိုး၍ရကြောင်း၊ ဈေးနှုန်းအနေဖြင့် မျှားနီ (ထိုင်ဝမ်)သီးတစ်လုံးလျှင် (၃၀၀၀-၄၀၀၀)ကျပ်ရှိကြောင်း၊ ဗမာသီး တစ်လုံးလျှင် (၅၀၀၀- ၆၀၀၀)ကျပ်ရှိကြောင်း ၊ တစ်ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး ၊ သွင်းအားစု ၊ လုပ်သားခအပါအဝင် စုစုပေါင်း (၅၀၀၀၀၀-၅၅၀၀၀၀/-)ဝန်းကျင်ခန့် ကုန်ကျကြောင်း ၊ အကျိုးအမြတ်အနေဖြင့် (၃၀၀၀၀၀၀-၃၅၀၀၀၀၀/-)ကျပ် ရရှိကြောင်း ၊ ကျောက်ဖရုံသီးများကို စိုက်ခင်းထဲအထိ ပွဲစားများမှ လာရောက်ဝယ်ယူကြပြီး ပွဲစားများမှလည်း ရန်ကုန်မြို့ နှင့် မိထ္ထီလာမြို့များသို့ တင်ပို့ရောင်းချလျှက် ရှိကြောင်း၊ ကျောက်ဖရုံးသီး သီးနှံသည် ဆေးဖြန်းစရာမလို ၊ ရေပုံမှန်ပေး၍ စိုက်ပျိုးရသော သီးနှံ ဖြစ်သောကြောင့် တောင်သူများအနေဖြင့် အပိုဝင်ငွေရရှိသည့်အတွက် တိုးချဲ့ စိုက်ပျိုးသင့်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။
DOCA(မန္တလေး)