Main menu

“ပဲတီစိမ်း(ဆောင်း)စိုက်ပျိုးမှုနှင့်စျေးနှုန်းစျေးကွက်အခြေအနေ”

Powered by Drupal

မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်သည် ဆည်ရေသောက်ဒေသဖြစ်သောကြောင့် သီးနှံမျိုးစုံ စိုက်ပျိုးဖြစ်ထွန်းလျှက်ရှိရာ ၄င်းသီးနှံများအနက် ပဲတီစိမ်းသီးနှံကို ၂၀၂၄- ၂၀၂၅ဘဏ္ဍာနှစ် တွင်ကျောက်ဆည်မြို့နယ်တွင်(၂၄၈၀)ဧက ၊ မြစ်သားမြို့နယ်တွင်(၁၂၉၀)ဧက ၊ စုစုပေါင်း(၃၇၇၀)ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း၊ ခရိုင်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၏ စာရင်းများအရသိရှိရသည်။ ပဲတီစိမ်းကို မျိုးအနေဖြင့် ကျောက်စိမ်းမျိုး နှင့် ရေဆင်း-၁၁ မျိုးများကိုသာ အများဆုံးစိုက်ပျိုးကြ ကြောင်း၊ (၁)ဧက ကုန်ကျစရိတ်အနေဖြင့်(၃၀၀၀၀၀/-)ကျပ်ဝန်းကျင်ခန့်ကုန်ကျကြောင်း ၊ ပဲတီစိမ်း (ဆောင်း)ကို အောက်တိုဘာလ နှင့် နိုဝင်ဘာလများတွင် စိုက်ပျိုးကြပြီး ၊ ယခုအချိန်တွင်အပင်များ အောင်မြင်ဖြစ်ထွန်းလျှက်ရှိကြောင်း၊ယခင်နှစ်စျေးနှုန်းအနေဖြင့် ပဲတီစိမ်းတစ်တင်းလျှင်(၅၅၀၀၀/-) ကျပ် ၊ အထွက်နှုန်းအနေဖြင့်(၁၁-၁၂)တင်းခန့်ထွက်ရှိကြောင်း ၊ (၁)ဧကအကျိုးအမြတ်အနေဖြင့် (၃၀၀၀၀၀/-)ကျပ်ကျော်မြတ်ခဲ့ကြောင်း၊ယခုအချိန်တွင် ပဲတီစိမ်းများ ထွက်ပေါ်ခြင်းမရှိသေးသော်လည်း စျေးနှုန်းအနေဖြင့် ပဲတီစိမ်းတစ်တင်းလျှင်(၇၅၀၀၀/-)ကျပ် စျေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်နေ ကြောင်း၊ ပဲတီစိမ်းကို တောင်သူများမှပွဲရုံများသို့ သွားရောက်ရောင်းချကြကြောင်း၊ ပွဲရုံများမှတဆင့် ရန်ကုန်၊ မန္တလေးမြို့များသို့ တင်ပို့ရောင်းချကြကြောင်း ၊ ပဲတီစိမ်းများ လှိုင်လှိုင်ထွက်ပေါ်ချိန်တွင် အထွက်နှုန်းနှင့်စျေးနှုန်းများ ကောင်းမွန်ပါက အကျိုးအမြတ် ပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း ၊ ပဲတီစိမ်း စိုက်ပျိုးသော တောင်သူတစ်ဦး၏ ပြောကြားချက်အရသိရှိရပါသည်။

DOCA(မန္တလေး)