Main menu

“စီးပွားဖြစ်စိုက်ပျိုးလာသောရုံးပတီသီး”

Powered by Drupal

          မန္တလေးတိုင်းဒေသကြီး၊တံတားဦးမြို့နယ်အတွင်းရှိ ကျေးလက်နေတောင်သူများသည် စပါး၊ပဲ၊ ပြောင်း၊နှမ်းစသည့် သီးနှံများစိုက်ပျိုးသည့်အပြင် ဟင်းသီးဟင်းရွက် နှင့် သစ်သီးဝလံများကိုလည်း နှစ်စဉ်ရာသီအလိုက်စိုက်ပျိုးကြပါသည် ။ ၄င်းသီးနှံများအနက်မှ  ဆေးဘက်ဝင်  ဟင်းချက်စားသုံး၍  ရသောရုံးပတီသီးနှံများကို ယခင်က မိသားစုစားသုံးရန်နှင့်အပိုဝင်‌ငွေရရှိ‌ရေးအတွက် တစ်နိုင်တစ်ပိုင် စိုက်ပျိုးရာမှ ယခုအခါ စီးပွားဖြစ်စိုက်ပျိုးလာကြပါသည်။ ရုံးပတီသီးသည် ရာသီမရွေးစိုက်ပျိုးနိုင်ပြီး ဝင်ငွေရလွယ်သော သီးနှံတစ်မျိုးဖြစ်သည့်အတွက် တောင်သူများတွက်ခြေကိုက်၍ စိုက်ပျိုးသင့်သော သီနှံတစ်မျိုးဖြစ်ပါသည်။စိုက်ပျိုးသောမျိုးများမှာ ပင်ပုမျိုး၊ပင်လတ်မျိုးနှင့်ပင်မြင့်မျိုးများကို အများဆုံး စိုက်ပျိုးကြပါသည်။(၁)ဧကလျှင် မျိုးစေ့ 10Kg စိုက်ပျိုးရပါသည်။ (၁)ဧက ကုန်ကျစရိတ်အနေဖြင့် (၃၅၀၀၀၀/-)ကျပ်ဝန်းကျင်ခန့်ကုန်ကျကြောင်း၊စိုက်ပျိုး၍ ပန်းပွင့်ပြီး တစ်ပတ်အကြာတွင် ခူးဆွတ်ရ ပါသည်။ထိုသို့ခူးဆွတ်မှသာ စားကောင်းသော အနေတော်ရုံးပတီသီးများရရှိမည်ဖြစ်ပါသည်။ ခူးဆွတ်မှု အနေဖြင့်(၃)ရက်တစ်ကြိမ်ခူးဆွတ်ရကြောင်း၊ စျေးနှုန်းအနေဖြင့် (၁)ပိဿာလျှင်(၂၀၀၀-၂၅၀၀)ကျပ် စျေးနှုန်းများရရှိပြီး (၁)ဧကအထွက်နှုန်းအနေဖြင့် ပိဿာ(၁၂၀၀)ခန့်ထွက်ရှိကြောင်း၊အကျိုးအမြတ် အနေဖြင့် စျေးနှုန်းအပေါ်မူတည်ပြီး အကျိုးအမြတ်ရရှိကြောင်း၊ရုံးပတီသီးစားသုံးခြင်းဖြင့် ဆီးချို ရောဂါအတွက် သင့်တော်သော အစားအစာဖြစ်ပြီး နှလုံးရောဂါနှင့်ကင်ဆာရောဂါများကိုလည်း လျော့နည်းသက်သာပျောက်ကင်း‌စေပါသည်။ ဒူးနှင့်ပတ်သက်သောရောဂါများ နှင့် ရိုးတွင်းချဉ်ဆီကို အားကောင်းစေကြောင်းသိရှိရပါသည်။ စားသုံးသူတွေအတွက် ဆေးဘက်လည်းဝင် မိသားစု အပိုဝင်ငွေတိုးစေသည့်အတွက် ဟင်းစားရုံးပတီပင်များအား တိုးချဲ့စိုက်ပျိုးသင့်သောသီးနှံတစ်မျိုး ဖြစ်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(မန္တလေး)