မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ကျွန်းဦး၊ ကျွန်းညို၊ ပခုက္ကူကျွန်းများနှင့် မြစ်ခြေမြို့နယ်အ တွင်းရှိ နန်းတော်ရပ်ကျေးရွာအုပ်စုကျေးရွာများ၌ ငရုတ်သီးနှံကို စိုက်ဧက(၂၅၀၀၀)ကျော် စိုက်ပျိုး လျက်ရှိပြီး ပန်းရဲ၊ မျှားနီမျိုးနှင့် အခြားအစပ်သီးမျိုးတို့ကို စိုက်ပျိုးကြကြောင်း သိရသည်။
ပခုက္ကူမြို့မဈေးနှင့် အမှတ်(၂)ဈေးတို့တွင် ငရုတ်သီး အစို၊ အခြောက်များရောင်းချလျှက်ရှိရာ ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ(ပထမပတ်)တွင် ငရုတ်သီးအစိုဈေးနှုန်းများ ကျဆင်းနေပြီး အရောင်းအဝယ် မှာလည်းသွက်လျက်ရှိပါသည်။ ဇန်ဝါရီလတွင်ငရုတ်သီးအစိုဈေးမှာ ငရုတ်သီးအမျိုးအစားအလိုက် တစ် ပိဿာလျှင် ကျပ်(၈၀၀၀ - ၁၀၀၀၀)ဖြင့်ရောင်းချခဲ့ပြီး ဖေဖေါ်ဝါရီလ(ပထမပတ်)တွင် ငရုတ်သီး အစိုဈေးမှာ တစ်ပိဿာလျှင် ကျပ်(၆၀၀၀-၈၀၀၀)ဖြင့်ရောင်းချနေကြောင်း၊ ဇန်နဝါရီလနှင့် နှိုင်းယှဉ်ပါက တစ်ပိဿာလျှင် ကျပ်(၂၀၀၀)ခန့် ဈေးနှုူန်းကျဆင်းနေပြီး အရောင်းအဝယ်သွက်လျက်ရှိကြောင်း၊ ငရုတ် သီးခြောက်ဈေးမှာ အမျိုးအစားကိုလိုက်၍ ကျွန်းငရုတ်သီးခြောက်တစ်ပိဿာလျှင် ကျပ်(၉၅၀၀-၁၀၀၀၀)၊ ပန်းရဲငရုတ်သီးခြောက်တစ်ပိဿာလျှင် ကျပ်(၁၀၀၀၀)၊ ကျောက်ပန်းတောင်းပုပ္ပါးမှ ထွက်ရှိ သော ငရုတ်သီးခြောက်တစ်ပိဿာလျှင် ကျပ်(၁၁၀၀၀)၊ ငရုတ်သီးခွဲခြမ်းတစ်ပိဿာလျှင် ကျပ် (၁၅၀၀၀)၊ ငရုတ်သီးအရောင်တင်မှုန့် တစ်ပိဿာလျှင် ကျပ်(၁၂၀၀၀)ဖြင့်ရောင်းချနေပြီး တင်ပို့မှုအနေ ဖြင့် ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် မိတ္ထီလာမြို့များသို့တင်ပို့လျက်ရှိကြောင်း ကုန်သည်များထံမှ သိရှိရပါ သည်။
DOCA(မကွေး)