Main menu

ပခုက္ကူမြို့ပဲဈေးကွက်တွင် ကုလားပဲသီးနှံ ဈေးငြိမ်၍အရောင်းအဝယ်ဖြစ်နေ

Powered by Drupal

          မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့ပဲဈေးကွက်၌ ပဲမျိုးစုံအရောင်းအဝယ်ဖြစ်လျက် ရှိရာ ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ(ပထမပတ်)တွင် ဈေးငြိမ်၍အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရ သည်။ ပခုက္ကူဈေးကွက်သို့ ကုလားပဲသီးနှံစိုက်ပျိုးရာဒေသများဖြစ်သော ပခုက္ကူမြို့နယ်အတွင်းရှိ ကျေးရွာများ၊ မြစ်ခြေ၊ ကမ္မ၊ မြိုင်၊ ပေါက်၊ ရေစကြိုမြို့နယ်တွင်းရှိ ကျေးရွာများမှ အများဆုံးဝင်ရောက် လျက်ရှိကြောင်း၊ ယခုအချိန်သည်ကုလားပဲစိုက်ပျိုးချိန်ရာသီဖြစ်၍ သီးနှံအဟောင်းများသာ ဈေးကွက် တွင် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ မတ်လဆန်းပိုင်းတွင် သီးနှံအသစ်များ ဈေးကွက်သို့ ဝင်ရောက်လာမည်ဖြစ်ကြောင်း သိရသည်။

          ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ(ပထမပတ်)တွင် ကုလားပဲ(V2)တစ်တင်းလျှင် ကျပ်(၉၈၀၀၀)၊ ကုလားပဲ(HL)တစ်တင်းလျှင် ကျပ်(၉၈၀၀၀)၊ ကုလားပဲ(V6)တစ်တင်းလျှင် ကျပ်(၉၂၅၀၀)၊ ကုလားပဲ (929) တစ်တင်းလျှင် ကျပ်(၉၅၀၀၀)၊ ယခင်ဇန်နဝါရီလ(ပထမပတ်)နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက ဈေးနှုန်း ပြောင်းလဲမှုမရှိဘဲ ဈေးငြိမ်လျက်ရှိကြောင်း၊ ပခုက္ကူပွဲရုံဈေးကွက်သို့ ဝင်ရောက်သည့် ကုလားပဲများကို တန်ဖိုးမြှင့်ထုတ်ကုန်အမျိုးမျိုး ထုတ်လုပ်လျက်ရှိသော မြို့ပေါ်ရှိ ပဲခွဲစက်လုပ်ငန်းရှင်များ၊ ပဲကြော်/ ပဲမုန့် (အစိမ်း/အကျက်)ထုတ်လုပ်သော လုပ်ငန်းရှင်များမှ ဝယ်ယူမှုများကြောင်း၊ ယခုအချိန်ပခုက္ကူ ပဲဈေးကွက်တွင် ပဲလက်ကျန်နည်းပြီး အဟောင်းများသာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ကုလားပဲ သီးနှံသည် ကျန်းမာရေးနှင့်ညီညွတ်ခြင်းကြောင့် ပြည်တွင်းစားသုံးမှုများ၍ အရောင်းအဝယ်သွက်ကြောင်း မြို့ပေါ်ရှိ ပဲရောင်းဝယ်ရေးလုပ်ငန်းရှင်တစ်ဦးထံမှ သိရှိရပါသည်။

 

DOCA(မကွေး)