![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/9_84.jpg?itok=eOgFZcVe)
မေမြို့ပန်းသည် မြန်မာနိုင်ငံ၏ ရာသီဥတုနှင့် လိုက်ဖက်ညီသောပန်းဖြစ်ပြီး၊ မေလတွင် ပွင့်လေ့ရှိသောကြောင့် “မေမြို့ပန်း”ဟု အမည်တွင်ခဲ့သည်။ မေမြို့ပန်းသည် အဖြူရောင်၊ အဝါရောင် ၊ ပန်းရောင် စသည့်ဖြင့် အရောင်စုံလင်စွာဖြင့် လှပသောပန်းတစ်မျိုးဖြစ်ပြီး လူကြိုက်များသည်။ မေမြို့ပန်းသည် မြန်မာ့ဓလေ့ထုံးတမ်းများတွင် အထူးသဖြင့် ဘာသာရေးနှင့် ပွဲလမ်းသဘင်များတွင် အသုံးပြုလေ့ရှိသည်။ ပန်းပွင့်များကို ဘုရားပန်းအဖြစ် ပူဇော်ခြင်း၊ အိမ်တွင်း အလှဆင်ခြင်းများ ပြုလုပ်လေ့ရှိသည်။
ယခုအခါ ကန့်ဘလူခရိုင်အတွင်း မေမြို့ပန်းများ လှိုင်လှိုင်ထွက်ရှိနေကြောင်း၊ စိုက်ပျိုးမှုအနေ ဖြင့် ကန့်ဘလူမြို့ပေါ်ရပ်ကွက်များနှင့် မြို့အနီးရှိကျေးရွာများတွင် စိုက်ပျိုးကြပြီး ကန့်ဘလူမြို့မဈေး သို့လာရောက်ရောင်းချကြောင်း၊ ဖေဖေါ်ဝါရီလ ပထမပတ်အတွင်း မေမြို့ပန်း(၃)ပင်ပါတစ်စည်းလျှင် (၅၀၀-၇၀၀)ကျပ်၊ (၁၀)စည်းပါတစ်ထုံးလျှင် (၆၅၀၀)ကျပ်ဖြင့်ရောင်းချကြောင်း လူကြိုက်များသော ပန်းဖြစ်သည့်အတွက် အရောင်းအဝယ်သွက်လျက်ရှိကြောင်း ပန်းရောင်းချသူများထံမှ သိရသည်။
DOCA(စစ်ကိုင်း)