ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် ပန်းမုံလာ(ခေါ် )ဂေါ်ဖီပန်းသည် တောင်သူများနှစ်စဉ်စီးပွား ဖြစ်စိုက်ပျိုးသောသီးနှံဖြစ်ပါသည်။ယခုအချိန်၌ ကလောမြို့နယ်၊ အောင်ပန်းဒေသမှ နောင်စံဖူး၊ ရွှေ သာကုန်း၊ နန်းအုံကျေးရွာများတွင်သာထွက်ရှိနေ၍ ကုန်ဝင်ရောက်မှုနည်းပါးလျက်ရှိပါသည်။သို့ သော်မြစ်ဝကျွန်းပေါ်မြေနုကျွန်းစိုက်ခင်းများနှင့်ဒေသစုံမှလှိုင်လှိုင်ထွက်ပေါ်နေချိန်ဖြစ်၍ရှမ်း(တောင်) မှစီးဆင်းမှုလျော့ကျနေပါသည်။သို့ဖြစ်ပါ၍ရှမ်း(တောင်)ဒေသတွင် ပန်းဂေါ်ဖီများမှာ ဝယ်လိုအား အပေါ်မူတည်၍ ဈေးနှုန်းကျဆင်းလျက်ရှိပြီး တစ်ပိဿာကျော်တစ်ပွင့်လျှင်( ၁၂၀၀ )ကျပ် နှင့် တစ် ပိဿာအောက်တစ်ပွင့်လျှင် ( ၇၀၀ )ကျပ်ခန့်သာဈေးရရှိနေပါသည်။ဆောင်းရာသီနှောင်းပိုင်းအထိ အကျဈေးတွင်တည်ငြိမ်နိုင်မည်ဟုခန့်မှန်းရရှိပြီး နွေဦးကာလအထိ သီးနှံထွက်ရှိမှု ရှိနေနိုင်ကြောင်း လေ့လာသုံးသပ်ရေးသားအပ်ပါသည်။
DOCA(ရှမ်း)