
စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင် ၊ ကန့်ဘလူမြို့ရှိ ကုန်မျိုးစုံဆိုင်များတွင် ရေဦးမြို့နယ် ဒေသထွက် ပေါက်ပေါက်ဆုပ်များ စတင် ရောင်းချလျက်ရှိကြောင်း သိရသည်။ ယခု ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ပထမပတ်အတွင်း ကန့်ဘလူမြို့ ကုန်မျိုးစုံရောင်းချသည့် ဆိုင်များတွင် ဖြစ်ပေါ်နေသော ပေါက်ပေါက်ဆုပ် ဈေးနှုန်းအနေဖြင့် တစ်ပိဿာလျှင် (၈၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၄၀၀၀)ကျပ်နှင့် (၂၅)ကျပ်သား လျှင်(၂၀၀၀) ကျပ်ဈေးနှုန်း အသီးသီးတို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။
DOCA(စစ်ကိုင်း)