![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/10_85.jpg?itok=xQB9ghoc)
မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြသည့် နိုင်ငံဖြစ်သည် နှင့်အညီ စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်သည်လည်း လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ကြောင်း ၊ ပဲစဉ်းငုံသီးနှံသည် ကန့်ဘလူခရိုင်၏ အဓိက စိုက်ပျိုးသီးနှံတစ်ခုဖြစ်ကြောင်း၊ ပဲစဉ်းငုံသီးနှံကို ဇူလိုင်လတွင်စတင်စိုက်ပျိုးပြီး ဇန်နဝါရီလတွင် ရိတ်သိမ်းရကြောင်း၊ မြေအနေအထား နှင့်အပင်ပြုစုခြင်းအပေါ်မူတည်၍ အထွက်နှုန်းများကွာခြား မှုရှိကြောင်း သိရသည်။
ပဲစဉ်းငုံသီးနှံမျိုးအနေဖြင့် အစေ့အနီရောင်မျိုးနှင့် အစေ့အဖြူရောင်မျိုးဟူ၍(၂)မျိုးရှိပြီး ဈေးနှုန်းအနေဖြင့် ဖေဖေါ်ဝါရီလ ပထမပတ်အတွင်း ပဲစဉ်းငုံနီ(၁)တင်းလျှင် ၈၃၅၀၀ကျပ်နှင့် ပဲစဉ်းငုံ ဖြူ(၁)တင်းလျှင် ၇၅၀၀၀ကျပ်ရှိခဲ့ရာ ဖေဖေါ်ဝါရီလ ဒုတိယပတ်တွင် ပဲစဉ်းငုံနီ(၁)တင်းလျှင် ၈၅၀၀၀ ကျပ်နှင့် ပဲစဉ်းငုံဖြူ(၁)တင်းလျှင် ၇၈၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေသောကြောင့် ယခုပတ် အတွင်း ပဲစဉ်းငုံနီ(၁)တင်းလျှင် ၁၅၀၀ကျပ်၊ ပဲစဉ်းငုံဖြူ(၁)တင်းလျှင် ၅၀၀ကျပ်ဈေးနှုန်း မြင့်တက် လာကြောင်း ၊ ဒေသထွက်ပဲစဉ်းငုံများကို ဒေသတွင်းပွဲရုံများမှတဆင့် ရွှေဘိုမြို့၊ မန္တလေးမြို့တို့ရှိ ပွဲရုံများ၊ ကုန်စည်ဒိုင်များသို့ တင်ပို့ရောင်းချကြောင်း၊ သီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သိရသည်။
DOCA(စစ်ကိုင်း)